Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသည့် တပ်မတော်သားများအား ဩစတြေးလျအစိုးရ ပြည်ဝင်ခွင့်ဗီဇာစတင်ပေးအပ်

မြန်မာ-ထိုင်းနယ်စပ်ကိုမဖြတ်ကျော်မီ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့်ပူးပေါင်းခဲ့သူ စစ်သားဟောင်းတစ်ဦးက ၎င်းအနေဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသောကြောင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ပြော သည်။

(KGZ တပ်ဖွဲ့ထံ လက်နက်နှင့်အတူ CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးကို ၂၀၂၁ နိုဝင်ဘာက ​တွေ့ရစဥ်)

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသော တပ်မတော်သားများအား ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာစတင်ထုတ်ပေးနေကြောင်း မဲလ်ဘုန်းအခြေစိုက် The Age သတင်းဌာနက ယနေ့ ဖော်ပြသည်။

ဇန်နဝါရီကတည်းက ဩစတြေးလျအစိုးရထံမှ ပြည်ဝင်ခွင့်ရရှိခဲ့သော တပ်မတော်သားဟောင်းနှစ်ဦးကို The Sydney Morning Herald နှင့် The Age သတင်းဌာနတို့က တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်ကိုမဖြတ်ကျော်မီ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့်ပူးပေါင်းခဲ့သူ စစ်သားဟောင်းတစ်ဦးက ၎င်းအနေဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသောကြောင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ပြော သည်။

“ကျွန်တော်က အရပ်သားပြည်သူတွေကို မသတ်ချင်ဘူး။ ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့ဘက်မှာလည်း မရပ် တည်ချင်ဘူး”ဟု ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိသားစုနှင့်အတူ ဩစတြေးလျ၌ အခြေချနေပြီဖြစ်သည့် အခြားသောစစ်သားဟောင်းတစ်ဦးက လည်း ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ပြီးချိန်အထိ ၎င်းအပေါ်ခြိမ်း ခြောက်မှုများရှိခဲ့ကြောင်း ပြောသည်။

“စစ်ကောင်စီက အရမ်းရက်စက်ယုတ်မာတယ်။ ကျွန်တော် အဲဒီမှာနေလို့မရဘူး။ အာဏာမသိမ်းခင်က ကျွန်တော်တို့တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တယ်”ဟု အထက်ပါ စစ်သားဟောင်းက ပြော သည်။

ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောတပ်မ​​တော်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား တစ်​သောင်းခွဲ​ကျော်ရှိလာပြီဖြစ်ပြီး CDM-တပ်မ​​တော်သား အများစုမှာ​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍ အကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ကြပြီး အချို့မှာ လွတ်​မြောက်နယ်​မြေတွင်​နေထိုင်ရင်း ​တော်လှန်​ရေးအတွက်ဆက်လက်ကူညီ​ပေး​နေကာ၊အချို့မှာတတိယနိုင်ငံများသို့သွား​ရောက်ကြခြင်းဖြစ်​ကြောင်း ပြည်သူ့ရင်ခွင်မှ CDM ဗိုလ်ကြီးလင်းထက်​အောင်က လူထု​နွေဦးနှင့် အင်တာဗျူးတွင်​ဖြေကြားထားသည်။တတိယနိုင်ငံသို့သွား​ရောက်​ခေတ္တခိုလှုံ​သောCDMတပ်မ​​တော်သားအများစုမှာလည်း ​​ရောက်သည့်နိုင်ငံမှ​နေ၍ ​နွေဦး​တော်လှန်​ရေးအတွက်ဆက်လက်ကူညီ​ပေး​နေကြခြင်းဖြစ်သည်။

ယခုတစ်ပတ်တွင် ကုလသမဂ္ဂက ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုကိုဆန့်ကျင်သော ရာဇဝတ်မှုများ ကျူးလွန်သည်ဟု ဖော်ပြထားပြီးအရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်ခြင်းများ၊ အရှင်လတ်လတ်မီးရှို့ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများအပါအဝင် ရက်စက်ယုတ်မှုများကို မှတ်တမ်းတင်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။