Connect with us

Hi, what are you looking for?

News

ဘင်းစ်တက်ထိပ်သီးညီလာခံ စစ်အုပ်စုခေါင်းဆောင်ကိုမဖိတ်ဖို့ တိုက်တွန်းနေ

ဘင်းစ်တက်အဖွဲ့ကြီးမှာပါဝင်တဲ့ အိန္ဒိယ ဟာ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပေမယ့် လက်ရှိ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် နှုတ်ဆိတ်နေတယ်လို့ ထောက်ပြဝေဖန်တာတွေရှိပါတယ်။

တောင်အာရှနိုင်ငံတွေစုဖွဲ့ထားတဲ့ဘင်းစ်တက် အဖွဲ့ကြီးရဲ့ လာမယ့် မတ်လ. ၃၀ ရက် ထိပ်သီးညီလာခံ မှာ စစ်ကောင်စီခေါင်းဆောင် ကို ဖိတ်ကြားတာမလုပ်ဖို့ တိုက်တွန်းနေကြပါပြီ ။

အာဆီယံက စစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့်မပြုသလို ဘင်းစ်တက်အဖွဲ့ကြီးက ဆုံးဖြတ် ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာပေးဖို့စီစဉ်နေပါတယ်။

အိန္ဒိယရောက်မြန်မာ့အရေးလှုပ်ရှားတဲ့ India For Myanmar အဖွဲ့က ဘင်းစ်တက်အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံ ရဲ့ သံရုံးတွေဆီ အိတ်ဖွင့်ပေးစာပေးမှာဖြစ်သလို အစည်းအဝေးလက်ခံကျင်းပမယ့် သီရိလင်္ကာ နိုင်ငံသံရုံးရှေ့မှာလည်းတောင်းဆိုတာတွေလုပ်မယ်လို့သိရပါတယ်။

ဘင်းစ်တက်အဖွဲ့ကြီးမှာပါဝင်တဲ့ အိန္ဒိယ ဟာ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပေမယ့် လက်ရှိ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် နှုတ်ဆိတ်နေတယ်လို့ ထောက်ပြဝေဖန်တာတွေရှိပါတယ်။

Public Service Announcement

Public Service Announcement

Justice For Myanmar အဖွဲ့ ကတော့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဘင်းစ်တက်ရဲ့ လုပ်ရပ်ဟာရှက်ဖွယ်ကောင်းတယ်လို့ထုတ်ပြန်ဖူးပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဘင်းစ်တက် နေ့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ စကား ကိုထုတ်ပြန်ရာမှာ စစ်အုပ်စုခေါင်းဆောင်ကိုလည်းထည့်သွင်းခဲ့သလို “လေးစားအပ်ပါသော မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ”၊ “နိုင်ငံတော်ဝန်ကြီး ချုပ်” လို့ ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ဘင်းစ်တက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို Justice For Myanmar က တောင်းဆိုခဲ့ဖူးပါတယ်။

ဘင်းစ်တက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိ လင်္ကာနိုင်ငံတို့ ပါဝင်တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။