ကရင်ပြည်နယ် မြ၀တီမြို့နယ် ဝေါ်လေဒေသမှာရှိတဲ့ စစ်ကောင်စီ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့မော်ခီးစခန်းကို KNU တက်သိမ်းပြီးတဲ့နောက် စစ်တပ်က မနေ့ညပိုင်းက လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။



ထိုင်းမြန်မာနယ်စပ်အနီးက ဝေါ်လေဒေသမှာရှိတဲ့ မော်ခီးစခန်းကို မတ်လ ၂၁ ရက် ညနေ ပိုင်းက KNU လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းယူခဲ့တာပါ။


စခန်းသိမ်းပြီးတဲ့နောက် လက်နက်ခဲရမ်းတွေကို သိမ်းစည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်းဖမ်းမိခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။

လေးကေကော်ကနေ ဆက်တက်သွားရတဲ့ ဝေါ်လေဒေသက KNU တပ်မဟာ(၆)နယ်မြေ ထဲမှာဖြစ်ပြီး ဒီရက်ထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသဖြစ်ပါတယ်။

Public Service Announcement


















































