Connect with us

Hi, what are you looking for?

News

သေဆုံး စစ်ကောင်စီအရာရှိများ၏ ပုခုံးပေါ်မှ ကြယ်များတပ်ထားသည့် PDF ဖိနပ် လေလံတင်ရောင်းချရာ ကျပ်သိန်း ၃၇၀ကျော်ရရှိ

“စစ်ခွေးတွေ ပုခုံးပေါ်က တန်ဖိုးမရှိတဲ့ အစိတွေဟာ ဖိနပ်လို နေရာမှန်ကို ရောက်တဲ့အခါ ပြည်သူရဲ့ အမုန်းတရားနဲ့ ပေါင်းစပ်ပြီး ဒေါ်လာ ၁၈,၅၀၀ တန်ဖိုးရှိ PDF ဖိနပ်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ” ဟု မပန်ဆယ်လိုက ရေးသားထားသည်။

တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီအရာရှိများ၏ ပုခုံးပေါ်မှ ကြယ်ပွင့်များ၊ အဆောင်အယောင်တံဆိပ်များ တပ်ဆင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ဖိနပ်ကို မပန်ဆယ်လိုက ဦးဆောင်ပြီး နာမ်နှိမ် လေလံတင်ရောင်းချရာ ကျပ်သိန်း ၃၇၀ကျော်နှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၁၈,၅၀၀ ရရှိခဲ့သည်ဟု အသိပေးထားသည်။

ထိုသို့လေလံတင်ရာတွင် အကောင့်တုပေါင်းစုံဖြင့် ဝိုင်းဝန်းနှောက်ယှက်နေသည့်ကြားမှ အကောင်းဆုံး ဖြတ်ကျော် ဖန်တီးနိုင်ခဲ့ကြောင်း၊ လေလံဝင်ဆွဲပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း သူမက ဆိုသည်။

“စစ်ခွေးတွေ ပုခုံးပေါ်က တန်ဖိုးမရှိတဲ့ အစိတွေဟာ ဖိနပ်လို နေရာမှန်ကို ရောက်တဲ့အခါ ပြည်သူရဲ့ အမုန်းတရားနဲ့ ပေါင်းစပ်ပြီး ဒေါ်လာ ၁၈,၅၀၀ တန်ဖိုးရှိ PDF ဖိနပ်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ” ဟု မပန်ဆယ်လိုက ရေးသားထားသည်။

အဆိုပါ ဖိနပ်ပိုင်ရှင် PDF ရဲဘော်ကလည်း “ ဘယ်လိုပြောရမလဲပေါ့နော်။ အရမ်းဝမ်းသာလွန်းလို့ ဒေါ်လာ ၁၈၅၀၀ တဲ့ဗျာ။ အရုပ်လေး တစ်ရုပ်တော့ ရပြီပေါ့။ ကိုယ့်ရဲ့ ရဲဘော်လေးတွေအတွက် အင်အားတစ်ခု တိုးလာပြီ ပေါ့ဗျာ”ဟု မှတ်ချက်ပြုထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ပြည်သူလူထုအပေါ် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ၊ ပြည်သူလူထုကို အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် အရပ်သားများနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေသည်။ ရွာလုံးကျွတ်မီးရှိုခြင်းအပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့၍ ပြည်သူလူထု နေအိမ် ၇ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ ထိုသို့သော စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူလူထုက ရွံရှာမုန်းတီးနေပြီး ဒေသအသီးသီးတွင် ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။