Connect with us

Hi, what are you looking for?

News

မင်းကင်း ​တောင်တွင်း​ချောင်းရွာမှစစ်​ကောင်စီတပ်ကို​ဒေသခံPDFများတိုက်ခိုက်​စစ်သား ၁၀ ဦးခန့်​သေ

တိုက်ပွဲမှာ ယနေ့ နံနက် ၇ နာရီခွဲအထိပြင်းထန်ခဲ့ပြီးနောက်ခေတ္တရပ်နားထားသော်လည်း အပြန်အလှန်ပစ်ခတ်မှု အချို့ရှိသေးကြောင်းလည်း ၎င်း က ဆက်ပြောသည်။

(KLG PDFတပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊တောင်တွင်းချောင်းရွာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ် သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၂၃ ရက်) နံနက် ၅ နာရီ ခွဲခန့်က စတင်ခဲ့သည့်တိုက်ပွဲတွင် KLG PDF ရွှေသမင်မုဆိုးPDF ၊ ရွှေတြိဂံPDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

“အခုတိုက်နေတဲ့နေရာမှာက စခ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်။မြေပြင် သတင်းအချက်အလက်အရ ဆို ကျွန်တော်တို့ဘက် က သုံးယောက် ကျည်ထိထားတယ်။မစိုးရိမ်ရဘူး။ စခ ဘက်က ၁၀ ယောက်လောက် သေတယ်လို့ သတင်းရထားတယ်”ဟု အထက်ပါတာဝန်ရှိသူကဆက်လက် ပြောသည်။

တိုက်ပွဲမှာ ယနေ့ နံနက် ၇ နာရီခွဲအထိပြင်းထန်ခဲ့ပြီးနောက်ခေတ္တရပ်နားထားသော်လည်း အပြန်အလှန်ပစ်ခတ်မှု အချို့ရှိသေးကြောင်းလည်း ၎င်း က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံးကြီး (KLG PDF)သည် ကနီမြို့နယ် အပါအဝင်ဒေသတွင်းမဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာယင်းမာပင်၊မင်းကင်း မြို့နယ်များတွင်ပါစစ်ကောင်စီကိုခုခံတိုက်ခိုက်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook