Connect with us

Hi, what are you looking for?

News

ပထမဆုံးအမေရိကန်အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက်ကွယ်လွန်

စစ်အေးကာလအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အုပ်စု နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံအားပေးသူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်ဟာ မနေ့က မတ်လ ၂၃ ရက်မှာ ကွယ်လွန်သွားပါတယ်။

ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီလို့ အောဘရိုက်မိသားစုက ထုတ်ပြန်ထားပါတယ်။

မက်ဒလင်အောဘရိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ကလင်တန် လက်ထက် ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်ခဲ့သူပါ။

Public Service Announcement

Public Service Announcement

စစ်အေးကာလအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အုပ်စု နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ နေတိုးအုပ်စုရဲ့အရှိန်အဝါကိုချဲ့ထွင်တာ ၊ ဘော်လကန် ဒေသစစ်ပွဲတွေမှာ သတ်ဖြတ်မှုတွေကို ကြားဝင်တားမြစ်ဖို့ မဟာမိတ်တွေကိုဆော်သြတာ ၊ နျုကလီးယားလက်နက်တွေ ဖြန့်ကျက်တာကို လျော့ချနိုင်တာတွေ မက်ဒလင်အောဘရိုက်ကအောင်အောင်မြင်မြင်လုပ်ဆောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါအပြင် ကမ္ဘာတစ်လွှားလူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေးတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မယူခင်က မက်ဒလင်အောဘရိုက်ဟာ အမေရိကန်ုနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကုလသံအမတ်ကြီးအဖြစ် ထမ်းဆောင်ချိန် ၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ခဲ့ဖူးပါတယ်။

ဒါဟာ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့အမေရိကန်အစိုးရရဲ့အဆင့်မြင့်ဆုံး သံတမန်တစ်ဦးလည်းခရီးစဉ်လည်းဖြစ်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ စစ်အစိုးရနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကိုအလည်အပတ် လာရောက်ခဲ့ပါသေးတယ်။ ရန်ကုန်က ကိုကာကိုလာ စက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။