Connect with us

Hi, what are you looking for?

LuduNwayOo

News

ပထမဆုံးအမေရိကန်အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက်ကွယ်လွန်

စစ်အေးကာလအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အုပ်စု နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံအားပေးသူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်ဟာ မနေ့က မတ်လ ၂၃ ရက်မှာ ကွယ်လွန်သွားပါတယ်။

ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီလို့ အောဘရိုက်မိသားစုက ထုတ်ပြန်ထားပါတယ်။

မက်ဒလင်အောဘရိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ကလင်တန် လက်ထက် ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်ခဲ့သူပါ။

Public Service Announcement

Public Service Announcement

စစ်အေးကာလအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အုပ်စု နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ နေတိုးအုပ်စုရဲ့အရှိန်အဝါကိုချဲ့ထွင်တာ ၊ ဘော်လကန် ဒေသစစ်ပွဲတွေမှာ သတ်ဖြတ်မှုတွေကို ကြားဝင်တားမြစ်ဖို့ မဟာမိတ်တွေကိုဆော်သြတာ ၊ နျုကလီးယားလက်နက်တွေ ဖြန့်ကျက်တာကို လျော့ချနိုင်တာတွေ မက်ဒလင်အောဘရိုက်ကအောင်အောင်မြင်မြင်လုပ်ဆောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါအပြင် ကမ္ဘာတစ်လွှားလူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေးတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မယူခင်က မက်ဒလင်အောဘရိုက်ဟာ အမေရိကန်ုနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကုလသံအမတ်ကြီးအဖြစ် ထမ်းဆောင်ချိန် ၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ခဲ့ဖူးပါတယ်။

ဒါဟာ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့အမေရိကန်အစိုးရရဲ့အဆင့်မြင့်ဆုံး သံတမန်တစ်ဦးလည်းခရီးစဉ်လည်းဖြစ်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ စစ်အစိုးရနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကိုအလည်အပတ် လာရောက်ခဲ့ပါသေးတယ်။ ရန်ကုန်က ကိုကာကိုလာ စက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။