Connect with us

Hi, what are you looking for?

News

မင်းကင်းနယ်တွင် စစ်​ကောင်စီတပ်သားနှစ်ဦးကို KLG PDFက စနိုက်ပါဖြင့် ပစ်သတ်

ယမန်နေ့(မတ်လ ၂၃ ရက်)ကလည်း ကျော်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီတပ်ကို KLG PDF၊ ရွှေသမင်မုဆိုး PDF ၊ ရွှေတြိဂံPDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ၊ ကျော်​ကျေးရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို စနိုက်ပါဖြင့် ပစ်သတ်နိုင်ခဲ့ကြောင်း KLG PDF
က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၄ရက်) ညနေ ၄နာရီခွဲခန့်တွင်ကျော်​ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု KLG PDF တာဝန်ရှိသူက ဆိုသည်။

“ကျော်ရွာမှာ စခနဲ့ ပျူတွေ တပ်စွဲထားတုန်းပဲ။ဒီညနေက ကျွန်တော်တို့ နယ်မြေ အခြေအနေ နဲ့ သတင်းတွေ ထောက်ပြီး ထပ်ဝင်ပစ်တာပါ”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၂၃ ရက်)ကလည်း ကျော်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီတပ်ကို KLG PDF၊ ရွှေသမင်မုဆိုး PDF ၊ ရွှေတြိဂံPDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးကာ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

ထို့ကြောင့် ကျော်ရွာသို့ စစ်ကောင်စီတပ်က အင် အားဖြည့်တင်းမှုများပြုလုပ်နေပြီး လက်ရှိတွင် စစ်အုပ်စု၏ အင်အားမှာ ၁၀၀ဝန်းကျင်ရှိကြောင်းလည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။