Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်ပတ်မပြည့်ခင် ငလျင် အကြိမ် ၂၀၀၀ ကျော်လှုပ်လို့ အထိတ်တလန့် ဖြစ်နေရတဲ့ ကျွန်းကလေး

ကျွန်းပေါ်မှာ မန်နာဒက်စ်ဆိုတဲ့ မီးတောင်အနိမ့်တစ်လုံး တည်ရှိပြီး ၁၈၀၈ ခုနှစ်နောက်ပိုင်း မပေါက်ကွဲခဲ့ဖူးပါဘူး။ ၁၉၈၀ တုန်းက ဆန်ဟော့ဂျ်ကို ဦးတည်တဲ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး အတော်လေး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာထဲက ကျွန်းငယ်လေး တစ်ခုဟာ ရက်အနည်းငယ် အတွင်းမှာတင် အကြိမ်ပေါင်း ထောင်နဲ့ချီ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြရပါတယ်။

သမုဒ္ဒရာ အလယ်က အဇိုရက်စ် ကျွန်းစုမှာ ဖွဲ့စည်း ပါဝင်တဲ့ မီးတောင်ကျွန်းလေး ဆန်ဟော့ဂျ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ ငလျင်ငယ် အကြိမ် ၂၀၀၀ ကျော် လှုပ်ခတ်မှုနဲ့ ကြုံခဲ့ရပါတယ်။ လှုပ်ရှားသမျှ ငလျင်တွေဟာ ရစ်ချ်တာစကေး ၁.၆ နဲ့ ၃.၃ ကြား အသေးစားတွေသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီငလျင်ငယ်တွေဟာ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်ကြီး တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်လာမှာ၊ ဒါမှမဟုတ် မီးတောင်ပေါက်ကွဲမှာမျိုး ကြုံလာမှာကို ကျွန်းမှာ နေထိုင်သူတွေက စိတ်ပူနေကြပါတယ်။

အခုအခါမှာတော့ ငလျင်ကြီး လှုပ်ခတ်ရင် မြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့ တောင်စောင်း ဧရိယာတွေမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို စတင် ရွှေ့ပြောင်းနေကြပြီ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း လှုပ်ခတ်သွားတဲ့ ငလျင်ငယ်တွေကြောင့် ကျွန်းပေါ်မှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

Public Service Announcement

Public Service Announcement

ကျွန်းပေါ်မှာ မန်နာဒက်စ်ဆိုတဲ့ မီးတောင်အနိမ့်တစ်လုံး တည်ရှိပြီး ၁၈၀၈ ခုနှစ်နောက်ပိုင်း မပေါက်ကွဲခဲ့ဖူးပါဘူး။ ၁၉၈၀ တုန်းက ဆန်ဟော့ဂျ်ကို ဦးတည်တဲ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး အတော်လေး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

အခုအခါ ကျွန်းရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စောင့်ကြည့်ရေး တာဝန်ရှိသူတွေက မီးတောင် ပေါက်ကွဲနိုင်ခြေကို သတ်မှတ် အဆင့် ၅ ခုရှိတဲ့ထဲမှာ အဆင့် ၄ အဖြစ် ကြေညာထားလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ မီးတောင် ပေါက်ကွဲမှု ကြုံလာနိုင်ခြေက နီးနီးစပ်စပ် ဖြစ်နေပြီဆိုတဲ့ သဘောပါပဲ။

အဇိုရက်စ် ကျွန်းစုမှာ ကျွန်း ၉ ကျွန်း ဖွဲ့စည်း ပါဝင်နေပြီး ဆန်ဟော့ဂျ်မှာတော့ လူပေါင်း ၈၄၀၀ လောက် နေထိုင်ပါတယ်။ အဇိုရက်စ် ကျွန်းစုမှာ ပါရှိတဲ့ မီးတောင်ကျွန်းတွေဖြစ်တဲ့ ဖိုင်ရဲလ်နဲ့ ပစ်ကိုတို့ဟာ လှပတဲ့ အပန်းဖြေ ကမ်းခြေတွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ ထင်ရှားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။