Connect with us

Hi, what are you looking for?

သတင်း

ဆည်တော်ကြီးရေ ဆက်တိုက်လွှတ်၊ ရွာတွေ ရေစဝင်ပြီး မတ္တရာ- မိုးကုတ်လမ်းပိုင်း ရေစကျော်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ဆည်တော်ကြီး ရေလှောင်တမံ ရေပြည့်အမှတ်ကို ရောက်နေပြီး ရေဆက်လွှတ်တာကြောင့် အခု‌‌ညနေပိုင်းမှာ ကျေးရွာတွေအတွင်း ရေဝင်‌ရောက်လာပြီး မတ္တရာ- မိုးကုတ်လမ်းပိုင်းလည်း ရေကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

(မတ္တရာမြို့နယ်က ဆည်တော်ကြီး ရေလှောင်တမံကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဩဂုတ်၅၊၂၀၂၆၊ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ဆည်တော်ကြီး ရေလှောင်တမံ ရေပြည့်အမှတ်ကို ရောက်နေပြီး ရေဆက်လွှတ်တာကြောင့် အခု‌‌ညနေပိုင်းမှာ ကျေးရွာတွေအတွင်း ရေဝင်‌ရောက်လာပြီး မတ္တရာ- မိုးကုတ်လမ်းပိုင်းလည်း ရေကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီး ရေလှောင်တမံကနေ မနေ့ ဩဂုတ် ၄ရက်ညပိုင်းကစတင်ကာ ရေလွှတ်နေပြီး ပုဂံစု၊သပြေချောင်း၊အင်းသကား၊ရေ‌ ချောင်းရွာ ဒေသခံတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကုန်းမြင့်ပိုင်း ရွေ့ပြောင်းကြဖို့ မန္တလေးတိုင်း၊လူမှုကူညီရေးအသင်းက ကြေညာထားပါတယ်။

အဲဒီရွာတွေကို ဒီနေ့ညနေပိုင်းမှာ ရေစတင် ဝင်နေပြီး အဲဒီ‌‌ရဲ့အောက်ဖက်က မတ္တရာ- မိုးကုတ်ကားလမ်းပိုင်းအထိ ရေကျော်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တံငါသည် ချောင်းကနေရေ လွှတ်နေတာ။အခုဝင်တဲ့ရွာတွေက အနိမ့်ပိုင်းထဲမှာရှိတာ။အခု မိုးဆက်ရွာပြီး ရေထပ်များရင်တော့ ကွမ်းခြံတွေက ဆုံးရှုံးမှုများတယ်။အဲဒီဘက်က ကွမ်းရွက်အဓိကလုပ်တဲ့ရွာ တွေလေ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆည်တော်ကြီးရေ လှောင်တမံဘက်ကလည်း ကန်ရေပြည့်အမှတ် ၄၁၉.၅ပေ ကိုရောက်နေပြီး အောက်ဘက်က ကျေးရွာတွေ ထိခိုက်မှုနည်းစေဖို့ ထိန်းညှိရေလွှတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆည်တော်ကြီးကနေ မန္တလေးကျုံးကို ရေလွှတ်တဲ့ ရေထွက်ပေါက်လည်းရှိပြီး ရေအားများလာပါက အဲဒီထွက်ပေါက်ကပါ ရေလွှတ်လိုက်ရင် ဆိတ်သာ၊ကျွဲကျ၊ ညောင်ကိုင်းရွာတွေ ရေဝင်နိုင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“ကျုံးကို လွှဲတဲ့ ရေပေါက်ကလည်း အမြဲတမ်း ဘောင်ကျိုးတက်တယ်။အဲဒီ ဘောင်ကျိုးရင် အပေါ်က ပြောထားတဲ့ရွာ တွေစိုးရိမ်ရတာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံရဲ့ အမြင့်ဟာ မန္တလေးတောင်တော်က ဘုရားစိန်ဖူးတော်အမြင့်ရှိတယ်လို့ ဆိုရိုးရှိပြီး ဆည်ကျိုးပေါက်ခဲ့ရင် တနယ်လုံး ရေမြှုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ဒါပေမယ့် ဆည်တော်ကြီး ရေလှောင်တမံကကန်ရေပြည့် အမှတ်ကို ရောက်နေပေမယ့် တမံကြံ့ခိုင်မှုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

"အလောင်းက အထက်ပိုင်းကနေ မျောလာတာဖြစ်နိုင်မယ်၊ ဆေးရုံကိုပို့လိုက်ပါပြီ"လို့ အလောင်းဆယ်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။