Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိတစ်ဦး CDM ပြုလုပ်

CDMကို ၂၀၂၁ ဖေဖော်ဝါရီ ၉ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အမျိုးမျိုးတိမ်းရှောင်ပြီး နောက်ပိုင်း လက်ရှိတွင် ဇနီးသည်နှင့် အတူ လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ဖွင့်ဟသည်။ ဇနီးဖြစ်သူမှာ ကိုယ်ဝန်လွယ်ထား ရပြီး ၎င်းမှာလည်း ဝန်ထမ်းဖြစ်ကာ CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဆက်လက်ပြောသည်။

(၂၀၂၀မေလ ၁၅ရက်က မဲဆောက်မြို့၌ မြန်မာလုပ်သားများအား ကူညီဖြေရှင်း ပေးနေသော သံအရာရှိဦးဝေလင်းမောင်းအား တွေ့ရစဥ်)

▪️ပြည်ပရောက် မြန်မာလုပ်သားများအရေးဆက်လက်ကူညီဖြေရှင်းသွားမည်ဟု ပြော

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ တစ်ဦး ငြိမ်းချမ်းစွာပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာပြီး ပြည်ပရောက်မြန်မာ လုပ်သားများအရေး ဆက်လက်ကူညီလုပ်ဆောင်သွားမည်ဟု အဆိုပါ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က People’s Spring သို့ ပြောကြားသည်။

အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီချုပ်အစိုးရလက်ထက် ၂၀၁၉ တွင်စတင်၍ ထိုင်းရောက်မြန်မာလုပ်သား များအရေးဖြေရှင်းပေးရန် မဲဆောက်မြို့တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။

စစ်တပ်က အာဏာသိမ်းချိန်တွင် မြန်မာပြည်ပြန်ရန်အတွက် ကွာရန်တင်း ဝင်ရောက်နေချိန်ဖြစ်ကြောင်း ဦးဝေလင်းမောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

(၂၀၂၀မေလ ၁၅ရက်က မဲဆောက်မြို့၌ မြန်မာလုပ်သားများအား ကူညီဖြေရှင်း ပေးနေသော သံအရာရှိဦးဝေလင်းမောင်းအား တွေ့ရစဥ်)

“လက်နက်ကိုင်ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်မယ့်အရာကို မကြိုက်တာ။ လက်နက်ကိုင်ပြီးတော့ အနိုင်ကျင့်တဲ့ အရာကို မကြိုက်တာ”ဟု ဦးဝေလင်းမောင်က ပြောသည်။

CDMကို ၂၀၂၁ ဖေဖော်ဝါရီ ၉ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အမျိုးမျိုးတိမ်းရှောင်ပြီး နောက်ပိုင်း လက်ရှိတွင် ဇနီးသည်နှင့် အတူ လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ဖွင့်ဟသည်။ ဇနီးဖြစ်သူမှာ ကိုယ်ဝန်လွယ်ထား ရပြီး ၎င်းမှာလည်း ဝန်ထမ်းဖြစ်ကာ CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဆက်လက်ပြောသည်။

“ထိုင်းတို့ မလေးတို့ တစ်ခြားနိုင်ငံတွေက အကူအညီတောင်းလာရင် ကူညီပေးဖို့ လုပ်ဆောင်မယ်။ ထိုင်းမှာက လက်ရှိအလုပ်သမားတွေဆို အကူအညီမဲ့နေ တာတွေရှိတယ်။ သူတို့ကို ဆက်ပြီးကူညီပေးသွားမယ်”ဟု ဦးဝေလင်းမောင်က ပြောသည်။

(၂၀၂၀မေလ ၁၅ရက်က မဲဆောက်မြို့၌ မြန်မာလုပ်သားများအား ကူညီဖြေရှင်း ပေးနေသော သံအရာရှိဦးဝေလင်းမောင်းအား တွေ့ရစဥ်)

လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် နေ့စဥ်အများအပြား လာရောက်နေကြသော ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့် ပတ်သက်ပြီး မေးမြန်းရာ “မြန်မာနိုင်ငံမှာက လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လိုမှအဆင်မပြေတော့ဘူး။ လုပ်ခတွေမရတဲ့ ပြဿနာများလာတယ်။ စားဝတ်နေ ရေးအရရော၊ လုံခြုံရေးအရရောပေါ့။ အခု အလုပ်သမားတွေက ပြည်ပဖြစ်တဲ့ ထိုင်းတို့ မလေးတို့ကို မထွက်မရတဲ့ ပုံစံဖြစ်ပြီး ထွက်နေရတဲ့ အနေအထားတွေ ဖြစ်လာတယ်လို့ မြင်တယ်”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ငွေစင်ပုလဲအေဂျင်စီက ငါးသေတ္တာနှင့် ကြက်သားစက်ရုံတို့ ပို့ဆောင်အလုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အလုပ်မရသေးဟု ဆိုသည်။

သတင်း

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

သတင်း

တရုတ် − မြန်မာ နယ်စပ် လောက်ကိုင်မြို့ဟာ လောင်းကစားဝိုင်းတွေကြောင့် နာမည်ကျော်ပြီး နိုင်ငံခြားသားတွေလည်း လာရောက်လုပ်ကိုင်ကြတာရှိပါတယ်။

သတင်း

သူတို့ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေအရ တရားမဝင် ခိုးဝင်မှု၊ တံဆိပ်တုံး အတုပြုလုပ်မှုတွေနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။