Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိတစ်ဦး CDM ပြုလုပ်

CDMကို ၂၀၂၁ ဖေဖော်ဝါရီ ၉ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အမျိုးမျိုးတိမ်းရှောင်ပြီး နောက်ပိုင်း လက်ရှိတွင် ဇနီးသည်နှင့် အတူ လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ဖွင့်ဟသည်။ ဇနီးဖြစ်သူမှာ ကိုယ်ဝန်လွယ်ထား ရပြီး ၎င်းမှာလည်း ဝန်ထမ်းဖြစ်ကာ CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဆက်လက်ပြောသည်။

(၂၀၂၀မေလ ၁၅ရက်က မဲဆောက်မြို့၌ မြန်မာလုပ်သားများအား ကူညီဖြေရှင်း ပေးနေသော သံအရာရှိဦးဝေလင်းမောင်းအား တွေ့ရစဥ်)

▪️ပြည်ပရောက် မြန်မာလုပ်သားများအရေးဆက်လက်ကူညီဖြေရှင်းသွားမည်ဟု ပြော

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ တစ်ဦး ငြိမ်းချမ်းစွာပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာပြီး ပြည်ပရောက်မြန်မာ လုပ်သားများအရေး ဆက်လက်ကူညီလုပ်ဆောင်သွားမည်ဟု အဆိုပါ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က People’s Spring သို့ ပြောကြားသည်။

အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီချုပ်အစိုးရလက်ထက် ၂၀၁၉ တွင်စတင်၍ ထိုင်းရောက်မြန်မာလုပ်သား များအရေးဖြေရှင်းပေးရန် မဲဆောက်မြို့တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။

စစ်တပ်က အာဏာသိမ်းချိန်တွင် မြန်မာပြည်ပြန်ရန်အတွက် ကွာရန်တင်း ဝင်ရောက်နေချိန်ဖြစ်ကြောင်း ဦးဝေလင်းမောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

(၂၀၂၀မေလ ၁၅ရက်က မဲဆောက်မြို့၌ မြန်မာလုပ်သားများအား ကူညီဖြေရှင်း ပေးနေသော သံအရာရှိဦးဝေလင်းမောင်းအား တွေ့ရစဥ်)

“လက်နက်ကိုင်ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်မယ့်အရာကို မကြိုက်တာ။ လက်နက်ကိုင်ပြီးတော့ အနိုင်ကျင့်တဲ့ အရာကို မကြိုက်တာ”ဟု ဦးဝေလင်းမောင်က ပြောသည်။

CDMကို ၂၀၂၁ ဖေဖော်ဝါရီ ၉ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အမျိုးမျိုးတိမ်းရှောင်ပြီး နောက်ပိုင်း လက်ရှိတွင် ဇနီးသည်နှင့် အတူ လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ဖွင့်ဟသည်။ ဇနီးဖြစ်သူမှာ ကိုယ်ဝန်လွယ်ထား ရပြီး ၎င်းမှာလည်း ဝန်ထမ်းဖြစ်ကာ CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဆက်လက်ပြောသည်။

“ထိုင်းတို့ မလေးတို့ တစ်ခြားနိုင်ငံတွေက အကူအညီတောင်းလာရင် ကူညီပေးဖို့ လုပ်ဆောင်မယ်။ ထိုင်းမှာက လက်ရှိအလုပ်သမားတွေဆို အကူအညီမဲ့နေ တာတွေရှိတယ်။ သူတို့ကို ဆက်ပြီးကူညီပေးသွားမယ်”ဟု ဦးဝေလင်းမောင်က ပြောသည်။

(၂၀၂၀မေလ ၁၅ရက်က မဲဆောက်မြို့၌ မြန်မာလုပ်သားများအား ကူညီဖြေရှင်း ပေးနေသော သံအရာရှိဦးဝေလင်းမောင်းအား တွေ့ရစဥ်)

လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် နေ့စဥ်အများအပြား လာရောက်နေကြသော ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့် ပတ်သက်ပြီး မေးမြန်းရာ “မြန်မာနိုင်ငံမှာက လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လိုမှအဆင်မပြေတော့ဘူး။ လုပ်ခတွေမရတဲ့ ပြဿနာများလာတယ်။ စားဝတ်နေ ရေးအရရော၊ လုံခြုံရေးအရရောပေါ့။ အခု အလုပ်သမားတွေက ပြည်ပဖြစ်တဲ့ ထိုင်းတို့ မလေးတို့ကို မထွက်မရတဲ့ ပုံစံဖြစ်ပြီး ထွက်နေရတဲ့ အနေအထားတွေ ဖြစ်လာတယ်လို့ မြင်တယ်”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။