Connect with us

Hi, what are you looking for?

News

ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် PDFတပ် မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ် နှစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရဟုဆို

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDFတပ်ရင်းအမှတ် (၃၅၀၁)တပ်ခွဲ-၃ ၊ ရှားလော့တပ်စုနှင့် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ရေတာရှည်မြို့နယ် လယ်တာကျေးရွာနှင့် ဂွေးသဲကျေးရွာကြားတွင် ခြေလျင်ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ခန့်ပါသည့် စစ်ကြောင်းအား မတ်လ ၂၈ရက် နံနက် ၉နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDFတပ်ရင်းအမှတ် (၃၅၀၁)တပ်ခွဲ-၃ ၊ ရှားလော့တပ်စုနှင့် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်၌ ကနဦးသတင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ၊ရှစ်ဦးဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုနောက်ပိုင်းတွင် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှ PDF တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook