Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်ဆန္ဒပြမှုဖြစ်စဉ်အပေါ် အနီးကပ်စောင့်ကြည့်နေဟု နိုင်ငံတကာသံရုံး ၁၆ခု စုပေါင်း ကြေညာ

ထောင်အတွင်းလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ရန်ကုန်အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူများက ဆန္ဒပြခဲ့သည်ကို သိရကြောင်း၊ ဤအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် တိုက်တွန်းကြောင်း ကြေညာချက်၌ ပါရှိသည်။

အင်စိန်ထောင်အတွင်း၌ ယနေ့ ဖြစ်ပေါ်ခဲ့သည့် ထောင်တွင်းဆန္ဒပြပွဲ နှင့်ပတ်သက်ပြီး ဆက်လက်ဖြစ်ပေါ် ပြောင်းလဲနေသော အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း နိုင်ငံတကာသံရုံး ၁၆ခုက ယနေ့ညနေပိုင်း၌ စုပေါင်း၍ ကြေညာချက်ထုတ်ပြန်သည်။

ထောင်အတွင်းလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ရန်ကုန်အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူများက ဆန္ဒပြခဲ့သည်ကို သိရကြောင်း၊ ဤအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် တိုက်တွန်းကြောင်း ကြေညာချက်၌ ပါရှိသည်။

ထို့ပြင် အင်းစိန်ထောင်နှင့် အခြားထောင်များအတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို ဩစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊   ချက် သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်၊  ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံ သံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာ ယီတာ ဝန်ခံများ နှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့မနက်ပိုင်းက အင်းစိန်ထောင်၌ ဖြစ်ခဲ့သည့် စစ်အာဏာရှင်ပြုတ်ကျရေး  ထောင်တွင်း ဆန္ဒပြပွဲသည် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့၍ ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် အာဏာဖီ ဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းထားသော အင်းစိန်သီးသန့် ထောင်၏ အမျိုးသမီးဆောင်မှ စတင်ခဲ့ကြောင်း၊ ထို့နောက် ထောင်တစ်ခုလုံးနှင့် ဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က  အကျဉ်းဦးစီးဝန်ထမ်းအချို့၏ ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် အကျဉ်း ထောင်အတွင်းသို့ စစ်ကားများ ဝင်ရောက်၍ ထောင်ကို စီးနင်းမှုပြုလုပ်ကာ ထောင်ရှိလက်နက် များအားလုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း AAPPက ထုတ်ပြန်ခဲ့ပြီး  အင်းစိန်ထောင်တွင်း ဆန္ဒပြမှုကြောင့်  အကျဉ်းသားများ နှိပ်စက်မခံရရေး ကြိုးပမ်းရန်   နိုင်ငံတကာ အစိုးရများထံတောင်းဆိုခဲ့သည်။ now

ဆက်စပ်သတင်းများ

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။