Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်နှင့် YDF တို့ တိုက်ပွဲဖြစ်ပွားနေ

“မတ် ၂၉ထဲက ထီးလင်းမြို့ထဲကို စခ ထပ်တိုးတွေရောက်တာပေါ့။အင်အား ၁၀၀ ကျော် လောက်နဲ့ ဒီနေ့ စစ်ကြောင်းစထိုးတယ်။စခတွေရဲ့ အသေ အပျောက်တော့ မသိရသေးဘူး”ဟု YDFထီးလင်း၏ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် YDF ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ရက်)နေ့လယ် ၁၁နာရီခန့်တွင် ထန်းပင်ကုန်းရွာနှင့် ဝက်သက်ရွာ ကြားတွင် ထိတွေ့မှုဖြစ်ရာတွင် အပြန်အလှန်ပစ်ခတ်ပြီး YDFထီးလင်းဘက်မှထိ ခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“မတ် ၂၉ထဲက ထီးလင်းမြို့ထဲကို စခ ထပ်တိုးတွေရောက်တာပေါ့။အင်အား ၁၀၀ ကျော် လောက်နဲ့ ဒီနေ့ စစ်ကြောင်းစထိုးတယ်။စခတွေရဲ့ အသေ အပျောက်တော့ မသိရသေးဘူး”ဟု YDFထီးလင်း၏ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ယနေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဝက်သက်ရွာအရှေ့ပြင်သို့ စတင်ဝင်ရောက်နေသည့်အတွက် ပြည်သူများတိမ်းရှောင်နေရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဝက်သက်ကျေးရွာအနီးတစ်ဝိုက်မှ အခြားကျေးရွာနေ ပြည်သူများ အနေဖြင့် ဂရုတစိုက်သွားလာနေထိုင်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ထီးလင်း)က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook