Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်နှင့် YDF တို့ တိုက်ပွဲဖြစ်ပွားနေ

“မတ် ၂၉ထဲက ထီးလင်းမြို့ထဲကို စခ ထပ်တိုးတွေရောက်တာပေါ့။အင်အား ၁၀၀ ကျော် လောက်နဲ့ ဒီနေ့ စစ်ကြောင်းစထိုးတယ်။စခတွေရဲ့ အသေ အပျောက်တော့ မသိရသေးဘူး”ဟု YDFထီးလင်း၏ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် YDF ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ရက်)နေ့လယ် ၁၁နာရီခန့်တွင် ထန်းပင်ကုန်းရွာနှင့် ဝက်သက်ရွာ ကြားတွင် ထိတွေ့မှုဖြစ်ရာတွင် အပြန်အလှန်ပစ်ခတ်ပြီး YDFထီးလင်းဘက်မှထိ ခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“မတ် ၂၉ထဲက ထီးလင်းမြို့ထဲကို စခ ထပ်တိုးတွေရောက်တာပေါ့။အင်အား ၁၀၀ ကျော် လောက်နဲ့ ဒီနေ့ စစ်ကြောင်းစထိုးတယ်။စခတွေရဲ့ အသေ အပျောက်တော့ မသိရသေးဘူး”ဟု YDFထီးလင်း၏ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ယနေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဝက်သက်ရွာအရှေ့ပြင်သို့ စတင်ဝင်ရောက်နေသည့်အတွက် ပြည်သူများတိမ်းရှောင်နေရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဝက်သက်ကျေးရွာအနီးတစ်ဝိုက်မှ အခြားကျေးရွာနေ ပြည်သူများ အနေဖြင့် ဂရုတစိုက်သွားလာနေထိုင်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ထီးလင်း)က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။