Connect with us

Hi, what are you looking for?

News

ဒေသတွင်းရှိ ၁၃ မြို့နယ် မှ PDF များ စုပေါင်း၍ မကွေးတိုင်းတပ်မတော်ဖွဲ့စည်း

MDA ပါဝင်သည့် PDF ၁၃ ခုမှာ မကွေး၊ မင်းဘူး-စကု၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ချောက်၊ ဆောင်ပေါင်ဝဲ၊ မင်းလှ၊ စလင်း၊ ငဖဲ၊ ပွင့်ဖြူ၊ မြို့သစ်နှင့် စေတုတ္တရာ မြို့နယ်များဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စုစည်း၍ မကွေးတိုင်းဒေသကြီးတပ်မတော်(MDA)ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း MDA က ထုတ်ပြန်ခဲ့သည်။

MDA ပါဝင်သည့် PDF ၁၃ ခုမှာ မကွေး၊ မင်းဘူး-စကု၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ချောက်၊ ဆောင်ပေါင်ဝဲ၊ မင်းလှ၊ စလင်း၊ ငဖဲ၊ ပွင့်ဖြူ၊ မြို့သစ်နှင့် စေတုတ္တရာ မြို့နယ်များဖြစ်သည်။

အဆိုပါ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု MDA က ဆိုသည်။

“မကွေးတိုင်းကတော့ ၂၅ မြို့နယ်ရှိတာကို ဒီ ၁၃မြို့နယ်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သတင်းတင်တာပါ။ အခုကတော့ ဘာမှ ဖော်ဆောင်တာမရှိသေးဘူး။ ဒီအဖွဲ့ဖွဲ့ထားတာပဲရှိသေးတယ်။ လတ်တလော အနေအထားအရ ဒါတွေက ပြောလို့မရဘူး။ ဖွဲ့ထားတယ်ဆိုတာ တရားဝင်ကြေညာတာပါ” ဟု မကွေးတိုင်းဒေသကြီးရှိ မြို့နယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လုံခြုံရေးအခြေအနေများအရ အသေးစိတ်အချက်အလက်များ ဖော်ပြရန်မရှိဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် လူငယ်အများစုဖြင့် စုဖွဲ့ထားသည့် ဒေသအသီးသီးမှ PDF များသည် စစ်ကော်စီကို ရရာလက်နက်စွဲကိုင်တော်လှန်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။