Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်လာစရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယား ခြိမ်းခြောက်

က်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ နိုင်ငံရေးဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က သူတို့ဟာ စစ်မက် လိုလားတဲ့ နိုင်ငံတစ်ခု မဟုတ်ပေမယ့် လိုအပ်လာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

တောင်ကိုရီးယားဖက်က စပြီး တိုက်ခိုက်လာရင် နျူကလီးယား လက်နက်တွေနဲ့ ချက်ချင်း တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ နိုင်ငံရေးဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က သူတို့ဟာ စစ်မက် လိုလားတဲ့ နိုင်ငံတစ်ခု မဟုတ်ပေမယ့် လိုအပ်လာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ရန်လိုမှု သဘောဆောင်တဲ့ အဲဒီ သတိပေး ကြေညာချက်ကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။ တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတသစ် ဖြစ်လာမယ့် ယွန်ဆူလ်ယိုဟာ မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ သဘောထား ရှိသူပါ။ သူက လိုအပ်ရင် တောင်ကိုရီးယားဟာ ရန်သူနိုင်ငံကို လက်ဦးမှုယူပြီး ပြတ်ပြတ်သားသား ချေမှုန်းရမယ်လို့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ပြောဆိုခဲ့ဖူးပါတယ်။

ကင်မ်ယိုဂျောင်ကတော့ တောင်ကိုရီးယားရဲ့ လက်ဦးမှုယူ ချေမှုန်းတယ်ဆိုတဲ့ ကိစ္စမျိုးဟာ အရမ်းကောင်းတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်လိမ့်မယ်လို့ သရော်သွားခဲ့ပါတယ်။ အစောပိုင်းမှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆူဝတ်ခ်က သူတို့အနေနဲ့ မြောက်ကိုရီးယားမှာ ရှိနေတဲ့ ဘယ်ပစ်မှတ်ကိုမဆို တိတိကျကျ ထိထိရောက်ရောက် ဖျက်ဆီးချေမှုန်းနိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ယိုဂျောင်က တကယ်လို့ မြောက်ကိုရီးယားသာ စတင်တိုက်ခိုက် ခံရပြီဆိုရင် နျူကလီးယား လက်နက်တွေ သုံးပြီး လက်စားချေ တုံ့ပြန်မှာပဲလို့ ဆိုပါတယ်။ အဲဒီကျရင် မြောက်ကိုရီးယားရဲ့ ရန်ဘက်ဖြစ်တဲ့ နိုင်ငံဟာ အလုံးစုံ ပျက်စီးခြင်းနဲ့ ကြုံရလိမ့်မယ်လို့ သူက ခြိမ်းခြောက်ပါတယ်။

ဆူဝတ်ခ် ပြောသလို တောင်ကိုရီးယားကသာ လက်ဦးမှုယူပြီး စတင်တိုက်ခိုက်မယ်ဆိုရင် တကယ်တမ်းကျတော့ တောင်ကိုရီးယား ကိုယ်တိုင်ကသာ ပစ်မှတ် ဖြစ်သွားရှာလိမ့်မယ်လို့ ကင်မ်ယိုဂျောင်က ဆိုပါတယ်။ သူက တောင်ကိုရီးယားဖက်က အန္တရာယ် ပေးလာနိုင်လောက်တဲ့ စစ်ရေး လှုပ်ရှားမှု မှန်သမျှကို သတိနဲ့ စောင့်ကြည့်ပြီး လျင်လျင်မြန်မြန် တုံ့ပြန်ဖို့ မြောက်ကိုရီးယားက ပြင်ဆင်ထားကြောင်းလည်း ပြောကြားသွားပါတယ်။

တောင်ကိုရီးယား ရွေးကောက်ပွဲမှာ ယွန်ဆူလ်ယိုက အနိုင်ရခဲ့တဲ့နောက် မြောက်ကိုရီးယားကလည်း သူတို့ရဲ့ မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်ခတ်ပြခဲ့ပါတယ်။ ကိုရီးယား နှစ်နိုင်ငံဟာ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအပြီး ၁၉၅၃ ခုနှစ်မှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ်မထားတာကြောင့် ဒီနေ့ထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook