Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း စစ်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေတယ်လို့ ရုရှားဝန်ခံ

ပက်စ်ကော့ဗ်က ယူကရိန်း စစ်မြေပြင်မှာ ရုရှားတပ်သားတွေ ဘယ်လောက် သေကြေခဲ့သလဲ ဆိုတာကိုတော့ အတိအကျ ထုတ်မပြောပါဘူး။ ယူကရိန်း စစ်ဘက်က ရုရှားတပ်သား ၂ သောင်းနီးပါးလောက် သုတ်သင်ခံရပြီး နောက်ထပ် အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ စစ်ပွဲမှာ စစ်သည်တွေ ထိခိုက်ဆုံးရှုံးမှု ကြီးကြီးမားမား ရှိခဲ့ကြောင်း ရုရှား အစိုးရက အတိအလင်း ဝန်ခံခဲ့ပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်တဲ့ ဒီမစ်ထရီ ပက်စ်ကော့ဗ်က Sky Newsနဲ့ အင်တာဗျူးမှာ ရုရှားစစ်တပ် အနေနဲ့ ကြီးကြီးမားမား ထိခိုက် ကြေကွဲစရာတွေ ကြုံခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။ သူက ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲရဲ့ အဓိက ရည်မှန်းချက်တွေဟာ လာမယ့် ရက်ပိုင်းအတွင်း ပြည့်မြောက်ဖို့ မျှော်လင့်ထားကြောင်းလည်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ရုရှားကို ဖယ်ထုတ်လိုက်တဲ့ ဖြစ်ရပ်အပြီးမှာ ပက်စ်ကော့ဗ်က အခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၉၃ နိုင်ငံက ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ကြောင်း မဲပေး ဆန္ဒပြုခဲ့ကြပါတယ်။ နောက်တော့ ရုရှားက ညီလာခံ မဲခွဲရလဒ်ကို တုံ့ပြန်တဲ့ အနေနဲ့ လူ့အခွင့်အရေး ကောင်စီကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားတပ်တွေဟာ ဘူချာနဲ့ ဘိုရော်ဒင်ကာလို မြို့တွေမှာ ယူကရိန်း အရပ်သား ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြောင်း စွပ်စွဲ ပြောကြားထားပါတယ်။ ဒါပေမဲ့ ပက်စ်ကော့ဗ်ကတော့ ဘူချာမှာ ရုရှားတပ်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုံးဝ အခြေအမြစ် မရှိဘူးလို့ Sky Newsနဲ့ အင်တာဗျူးမှာ ငြင်းချက် ထုတ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပက်စ်ကော့ဗ်က ယူကရိန်း စစ်မြေပြင်မှာ ရုရှားတပ်သားတွေ ဘယ်လောက် သေကြေခဲ့သလဲ ဆိုတာကိုတော့ အတိအကျ ထုတ်မပြောပါဘူး။ ယူကရိန်း စစ်ဘက်က ရုရှားတပ်သား ၂ သောင်းနီးပါးလောက် သုတ်သင်ခံရပြီး နောက်ထပ် အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။