Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ပြည်သူတွေ စုဝေးနေတဲ့ ဘူတာကို ရုရှားက ဒုံးကျည်နဲ့ပစ်လို့ လူ ၃၀ ကျော် သေဆုံး

ခရာမာတော့စ်ခ်ဟာ ရုရှားက အပြည့်အဝ ထိန်းချုပ် သိမ်းယူဖို့ ကြိုးစားနေတဲ့ ဒွန်းညက်စ်ဒေသထဲက မြို့တစ်မြို့ပါ။ ရုရှားစစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူဝါဒတွေကို မပြောင်းလဲသေးဘဲ အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေဆဲလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက စွပ်စွဲသွားပါတယ်။

ယူကရိန်းက စစ်ဘေးရှောင် ပြည်သူတွေ စုဝေးနေတဲ့ ရထားဘူတာကို ရုရှားစစ်တပ်က ဒုံးကျည်နဲ့ ပစ်ခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

ဧပြီ ၈ ရက်က ခရာမာတော့စ်ခ် မြို့မှာရှိတဲ့ ရထားဘူတာကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခဲ့တာပါ။ ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း နောက်ထပ် ခိုင်မာတဲ့ သက်သေတစ်ခု ထပ်တွေ့မြင်လာရတာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဒုံးကျည်ထိမှန်ချိန် ရထားဘူတာနဲ့ အနီးတဝိုက်မှာ လူ ၄၀၀၀ လောက် စုဝေးနေတယ်လို့လည်း သိရပါတယ်။ မြို့ထဲကနေ ထွက်ခွာဖို့ လူတွေ ရထားစောင့်နေတုန်းမှာ ဒုံးကျည် ထိမှန် ပေါက်ကွဲခဲ့တာပါ။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ခရာမာတော့စ်ခ်က ရထားဘူတာကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ မရှိကြောင်း ငြင်းဆိုထားပါတယ်။

ခရာမာတော့စ်ခ်ဟာ ရုရှားက အပြည့်အဝ ထိန်းချုပ် သိမ်းယူဖို့ ကြိုးစားနေတဲ့ ဒွန်းညက်စ်ဒေသထဲက မြို့တစ်မြို့ပါ။ ရုရှားစစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူဝါဒတွေကို မပြောင်းလဲသေးဘဲ အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေဆဲလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက စွပ်စွဲသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ အရာရှိတွေက ရထားဘူတာ တိုက်ခိုက်ခံရမှုမှာ လူ ၃၉ ဦးထက်မနည်း သေဆုံးပြီး ၈၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောကြားထားပါတယ်။ အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပ သမဂ္ဂတို့က ရုရှား စစ်သားတွေဟာ ယူကရိန်း စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ထပ်တလဲလဲ ပြောဆိုနေချိန်မှာ အခုလို ရထားဘူတာကို ဒုံးကျည်နဲ့ အပစ်ခံရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။