Connect with us

Hi, what are you looking for?

News

မြို့​တော်​ဂေါက်ကွင်းနှင့် မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရ

အလားတူ မင်္ဂလာဒုံလေတပ်စခန်းရှိ ဝန်ထမ်းလိုင်းခန်းတစ်ခုတွင်လည်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေကို သီး ခြားအတည်မပြုနိုင်သေးပေ။

(မြို့တော် ဂေါက်ကွင်း အတွင်းကျရောက်ခဲ့သည့် ဒုံးအားတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့တော် ဂေါက်ကွင်းအပါအဝင် မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဒေသခံများက People’s Springသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် အင်းစိန်၊မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေသည်ဟု ဆိုသည်။

(မြို့တော် ဂေါက်ကွင်း အတွင်းကျရောက်ခဲ့သည့် ဒုံးအားတွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“အဲဒီဂေါက်ကွင်းကို စစ်တပ်အသိုင်းအဝိုင်းက ယူထားပြီး အကြီးအကျယ်ပြင်နေတာ။လာလိုက်ရင်လဲ သူတို့အပတ်အသတ်တွေပဲ။ဒီနေ့မနက် ဒုံးကျလို့ ထိတာက အမျိုးသားတစ်ဦးလို့ သိရတယ်။ ဝန်ထမ်းဟုတ်၊မဟုတ်တော့ မသိရသေးဘူး”ဟု မြို့တော်ဂေါက်ကွင်းရှိရာ အင်းစိန်ဂျပန်လမ်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

အလားတူ မင်္ဂလာဒုံလေတပ်စခန်းရှိ ဝန်ထမ်းလိုင်းခန်းတစ်ခုတွင်လည်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေကို သီး ခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“အခု မင်္ဂလာဒုံ-အင်းစိန် ပြည်လမ်းတောက် လျှောက်မှာ DC ငါးစီးလောက်ရှိတယ်။တချို့က ရပ်ထားတယ်။တချို့ကားတွေက လှည့်နေတဲ့ပုံစံမျိုးတွေ”ဟု မျက်မြင်တွေ့ရှိသည့် ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၉ နာရီခွဲခန့်က အင်းစိန် -တညင်းကုန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်က ပိတ်ဆို့စစ်ဆေးနေသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။