Connect with us

Hi, what are you looking for?

News

ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျ

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းခံရသည့်အတွက် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ည ၁၂ နာရီခန့်ကစ၍ မိနစ် ၂၀ ကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျပျက်စီးကာ ခြောက်လုံးပြူးတစ်လက်နှင့် ကျည်​ဘောက်အများအပြားကို ဒေသခံတော်လှန်ရေးအဖွဲ့ များက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ကူတော်ရွာရဲစခန်းကို ယမန်နေ့(ဧပြီ ၈) ရက် ည ၉ နာရီခန့်တွင် ဒေသခံတော် လှန်ရေးအဖွဲ့များ ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်။ကျွန်တော်တို့ မီးရှို့ ပြာချခဲ့တာ။ လေကြောင်းပစ်ကူလာတဲ့အတွက် စခ အသေစာရင်း မသိရသေးဘူး။များတယ်လို့ပဲ ပြောပါရစေ ။ကျွန်တော်တို့ ပူးပေါင်း ပြည်သူ့တပ်ဖွဲ့ဘက်မှာလည်း ထိခိုက်မှုရှိတယ်။အကျ အနည်းငယ် ရှိတယ်”ဟု ယမန်နေ့ညက ကူတော်ရဲစခန်းဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။

ဘုတလင်မြို့ခံတစ်ဦးကလည်း “ဘုတလင် မြို့မရဲစခန်းကို လက်နက်ကြီး တွေနဲ့အယောင်ပြ တိုက်ခိုက်တဲ့အချိန်မှာ တစ်ဖက်က ကူတော်ရွာ ရဲစခန်းကို ၀င်ရောက်စီးနင်းခဲ့တာ။အသေအဆုံးများတယ်။ရဲစခန်းမီးရှို့ခံရတဲ့အထဲမှာတင် အလောင်းသုံးလောင်းတွေ့ရတယ်လို့ သိရတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းခံရသည့်အတွက် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ည ၁၂ နာရီခန့်ကစ၍ မိနစ် ၂၀ ကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ သံပြားကာ ကားနှစ်စီးဖြင့် လူ၊လက်နက်၊ရိက္ခာအပြည့်ဖြင့် ဘုတလင်မြို့သို့ အင်အား ဖြည့်တင်းရန် ယနေ့(ဧပြီ ၉ ရက်)နံနက် ၉ နာရီခန့်တွင် ထွက်ခွာသွားကြောင်း မုံရွာမြို့ နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထား သည်။

လက်ရှိတွင် ဘုတလင်မြို့အတွင်း စစ်အုပ်စုက လမ်းများပိတ်ဆို့ကာ ရွာချင်း ဆက်လမ်းများ ၌ပင် ယာဥ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ဘုတလင်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ဒါလေး ရွေ့လျားစာကြည့်တိုက်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။