Connect with us

Hi, what are you looking for?

News

ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျ

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းခံရသည့်အတွက် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ည ၁၂ နာရီခန့်ကစ၍ မိနစ် ၂၀ ကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျပျက်စီးကာ ခြောက်လုံးပြူးတစ်လက်နှင့် ကျည်​ဘောက်အများအပြားကို ဒေသခံတော်လှန်ရေးအဖွဲ့ များက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ကူတော်ရွာရဲစခန်းကို ယမန်နေ့(ဧပြီ ၈) ရက် ည ၉ နာရီခန့်တွင် ဒေသခံတော် လှန်ရေးအဖွဲ့များ ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်။ကျွန်တော်တို့ မီးရှို့ ပြာချခဲ့တာ။ လေကြောင်းပစ်ကူလာတဲ့အတွက် စခ အသေစာရင်း မသိရသေးဘူး။များတယ်လို့ပဲ ပြောပါရစေ ။ကျွန်တော်တို့ ပူးပေါင်း ပြည်သူ့တပ်ဖွဲ့ဘက်မှာလည်း ထိခိုက်မှုရှိတယ်။အကျ အနည်းငယ် ရှိတယ်”ဟု ယမန်နေ့ညက ကူတော်ရဲစခန်းဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။

ဘုတလင်မြို့ခံတစ်ဦးကလည်း “ဘုတလင် မြို့မရဲစခန်းကို လက်နက်ကြီး တွေနဲ့အယောင်ပြ တိုက်ခိုက်တဲ့အချိန်မှာ တစ်ဖက်က ကူတော်ရွာ ရဲစခန်းကို ၀င်ရောက်စီးနင်းခဲ့တာ။အသေအဆုံးများတယ်။ရဲစခန်းမီးရှို့ခံရတဲ့အထဲမှာတင် အလောင်းသုံးလောင်းတွေ့ရတယ်လို့ သိရတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းခံရသည့်အတွက် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ည ၁၂ နာရီခန့်ကစ၍ မိနစ် ၂၀ ကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ သံပြားကာ ကားနှစ်စီးဖြင့် လူ၊လက်နက်၊ရိက္ခာအပြည့်ဖြင့် ဘုတလင်မြို့သို့ အင်အား ဖြည့်တင်းရန် ယနေ့(ဧပြီ ၉ ရက်)နံနက် ၉ နာရီခန့်တွင် ထွက်ခွာသွားကြောင်း မုံရွာမြို့ နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထား သည်။

လက်ရှိတွင် ဘုတလင်မြို့အတွင်း စစ်အုပ်စုက လမ်းများပိတ်ဆို့ကာ ရွာချင်း ဆက်လမ်းများ ၌ပင် ယာဥ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။