Connect with us

Hi, what are you looking for?

News

တမူးတွင် TSGမုန်တိုင်းတပ်ဖွဲ့နှင့် စစ်​ကောင်စီတို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၉ဦး​သေဆုံး

ဒဏ်ရာရရှိသူများအနက်မှ ပျူ​စောထီအဖွဲ့မှတစ်ဦး၊မဏီပူကသဲမှ တစ်ဦးနှင့် စစ်​ကောင်စီတပ်သား ​လေးဦးထပ်မံ​သေဆုံးခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်​ရေးတပ် TSG မုန်တိုင်းတပ်ဖွဲ့နှင့် စစ်​ကောင်စီတပ်တို့ ဇူလိုင် ၂၄ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား ၉ဦးသေဆုံးခဲ့​ကြောင်း TSG တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၄ရက် ​ည​နေ ၄နာရီ၁၅မိနစ်အချိန်တွင် TSG တပ်ခွဲများ တပ်ချထား​သော ​နေရာသို့ စစ်​ကောင်စီလက်ပါး​စေ ပျူ​စောထီး လက်နက်ကိုင်များမှ စစ်​ကောင်စီများအား လိုက်လံပြသစဥ် TSG တပ်ခွဲများ ကင်းလှည့်​စဥ် ထိပ်တိုက်​တွေ့ဆုံပြီး တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ် သားသုံးဦး တိုက်ပွဲအတွင်း ​သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ​ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို​နောက် ဒဏ်ရာရရှိသူများအနက်မှ ပျူ​စောထီအဖွဲ့မှတစ်ဦး၊မဏီပူကသဲမှ တစ်ဦးနှင့် စစ်​ကောင်စီတပ်သား ​လေးဦးထပ်မံ​သေဆုံးခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။