Connect with us

Hi, what are you looking for?

News

AA နှင့် စစ်ကောင်စီတပ် ​မြေပုံမြို့နယ်တွင်တိုက်ပွဲဖြစ်

“နှစ်ဖက်ကတိကဝတ် စာချုပ်စာတမ်း သဘောတူညီချက် ဘာမှမရှိဘူး။ သူ့နယ်မြေ ကိုယ့်နယ်မြေ လည်း အတိအကျပိုင်းခြားသတ်မှတ်ထားတာမရှိတော့ ဟိုဘက်စစ်ကြောင်း ဒီဘက်စစ်ကြောင်း ထိတွေ့မှုကတော့ အချိန်မရွေးဖြစ်သွားနိုင်တဲ့သဘောရှိတယ်”ဟု မြေပုံဒေသခံက ပြောသည်။

(AAတပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်စဥ် ။ ဓါတ်ပုံ-AA)

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့နေ့လည် ၁၂နာရီကျော်ကျော်လောက်က မြေပုံနဲ့ ၅မိုင်လောက်ဝေးတဲ့ ရွာပေါ့ ဝက်ခေါင်းဆိုတာရှိတယ်။ ဝက်ခေါင်းရွာက မြေပုံနဲ့ မင်းပြားကားလမ်းပေါ်မှာရှိတာ။ ဝက်ခေါင်းရွာရဲ့တောင်ဘက်အစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးခန်းလုပ်ထားတာရှိတယ်။ အဲဒီမှာ မြန်မာ့တပ်မတော် (စစ်ကောင်စီ)က အင်အား ၃၀လောက်တပ်စွဲထားတာပေါ့။ AA ဘက်က သွားတဲ့အခါမှာ ၅မိနစ်လောက်ဖြစ်တာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက် ငယ် ပစ်ခတ်မှုအချို့ရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို မသိရဟု ပြောသည်။

Public Service Announcement

“နှစ်ဖက်ကတိကဝတ် စာချုပ်စာတမ်း သဘောတူညီချက် ဘာမှမရှိဘူး။ သူ့နယ်မြေ ကိုယ့်နယ်မြေ လည်း အတိအကျပိုင်းခြားသတ်မှတ်ထားတာမရှိတော့ ဟိုဘက်စစ်ကြောင်း ဒီဘက်စစ်ကြောင်း ထိတွေ့မှုကတော့ အချိန်မရွေးဖြစ်သွားနိုင်တဲ့သဘောရှိတယ်”ဟု မြေပုံဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

AAနှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သော်လည်း ရွေးကောက်ပွဲကာလနှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မဖြစ်သလောက်ရှိခဲ့သည်။ ယခုနှစ်အတွင်း မောင်တောဒေသ၌ တိုက်ပွဲအချို့ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သော်လည်း ရက်ပိုင်းသာဖြစ်ပြီး ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။