ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် အရက်မူးပြီး ရဲတပ်ဖွဲ့အချင်းချင်းပြန်လည်ပစ်ခတ်ရာ သတင်းရဲတပ်ဖွဲ့(SB)ဒုတပ်ကြပ်တစ်ဦးသေဆုံးကြောင်း ဝေါ PDF က ယနေ့(ဧပြီ ၁၅ ရက်)တွင် အသိပေးသည်။
“သူ့စရိတ်နဲ့သူသွားပြီ။၁၄ ရက်နေ့ည ဒိုက်ဦးမြို့၌ ဝေါ SB ရုံးက ရဲဒုတပ်ကြပ် ဇင်မျိုးကိုကို အရက်မူးယစ်ပြီးအချင်း ချင်းပြန်လည်ပစ်ခတ်ရာသေဆုံးသွားကြောင်းသိရပါတယ်”ဟု ဝေါ PDF က ပြောသည်။
ဇင်မျိုးမျိုးကိုကိုမှာ ဝေါမြို့မှ NLD ပါတီဝင်များ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များနှင့် အာဏာသိမ်းဆန့်ကျင်သူ(CDM)များကို အဓိကနှိပ်ကွပ်ထားသူ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
အလားတူ ယမန်နေ့ညပိုင်းကလည်း ကြံခင်းမြို့မရဲစခန်းမှ ရဲတစ်ဦး မူးယစ်သောက်စားပြီး နောက်ဆိုင်ကယ်မှောက်၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

Public Service Announcement


















































