Connect with us

Hi, what are you looking for?

News

စာရေးဆရာတွေကိုဖမ်းဆီးထောင်ချရာမှာ မြန်မာဟာ ကမ္ဘာ့အဆိုးရွားဆုံး တတိယအဆင့်ကိုရောက်လာ

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်စွာရေးသားခွင့် ညွှန်းကိန်း ကို PEN America က ထုတ်ပြန်ရာမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ တရုတ် ၊ ဆော်ဒီအာရေဗီးယား နိုင်ငံတွေရဲ့နောက်မှာ ရပ်တည်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စာရေးဆရာတွေ ၊တတ်သိပညာရှင်တွေ ဖမ်းဆီးခံရတဲ့နှုန်းဟာ ဆိုးရွားလာနေပြီး ကမ္ဘာ့အဆင့်မှာ တတိယနေရာရောက်လာတယ်လို့အမေရိကန်အခြေစိုက် PEN America က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်စွာရေးသားခွင့် ညွှန်းကိန်း ကို PEN America က ထုတ်ပြန်ရာမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ တရုတ် ၊ ဆော်ဒီအာရေဗီးယား နိုင်ငံတွေရဲ့နောက်မှာ ရပ်တည်နေပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

အဲဒီညွှန်းကိန်းမှာဆိုရင် တရုတ်မှာ ၈၅ ဦး ၊ ဆော်ဒီမှာ ၂၉ ဦး ၊ မြန်မာမှာ ၂၆ ဦး အသီးသီး ဖမ်းဆီးခံထားရပါတယ်။

ဒီ ၃ နိုင်ငံမှာ ဖမ်းဆီးခံရထားသူဦးရေဟာ ကမ္ဘာတလွှား ဖမ်းဆီးခံထားရတဲ့ စာရေးဆရာနဲ့တတ်သိပညာရှင်စုစုပေါင်းဦးရေနဲ့ ထက်ဝက် ရှိတယ်လို့လည်း PEN America က ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထောင်ချခံထားရတဲ့ စာရေးဆရာ မောင်သာချို

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် အခြေအနေဟာ အာဏာသိမ်းစစ်တပ်က ဖိနှိပ်မှုတွေလုပ်တာ ၊စာရေးဆရာတွေ ၊တတ်သိပညာရှင်တွေကိုစောင့်ကြည့်တာ ၊ လွတ်လပ်စွာရေးသားပြောဆိုခွင့် ကန့်သတ်ခံရတာ ၊ဖမ်းဆီးထောင်ချတာတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။