Connect with us

Hi, what are you looking for?

LuduNwayOo

News

စာရေးဆရာတွေကိုဖမ်းဆီးထောင်ချရာမှာ မြန်မာဟာ ကမ္ဘာ့အဆိုးရွားဆုံး တတိယအဆင့်ကိုရောက်လာ

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်စွာရေးသားခွင့် ညွှန်းကိန်း ကို PEN America က ထုတ်ပြန်ရာမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ တရုတ် ၊ ဆော်ဒီအာရေဗီးယား နိုင်ငံတွေရဲ့နောက်မှာ ရပ်တည်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စာရေးဆရာတွေ ၊တတ်သိပညာရှင်တွေ ဖမ်းဆီးခံရတဲ့နှုန်းဟာ ဆိုးရွားလာနေပြီး ကမ္ဘာ့အဆင့်မှာ တတိယနေရာရောက်လာတယ်လို့အမေရိကန်အခြေစိုက် PEN America က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်စွာရေးသားခွင့် ညွှန်းကိန်း ကို PEN America က ထုတ်ပြန်ရာမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ တရုတ် ၊ ဆော်ဒီအာရေဗီးယား နိုင်ငံတွေရဲ့နောက်မှာ ရပ်တည်နေပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

အဲဒီညွှန်းကိန်းမှာဆိုရင် တရုတ်မှာ ၈၅ ဦး ၊ ဆော်ဒီမှာ ၂၉ ဦး ၊ မြန်မာမှာ ၂၆ ဦး အသီးသီး ဖမ်းဆီးခံထားရပါတယ်။

ဒီ ၃ နိုင်ငံမှာ ဖမ်းဆီးခံရထားသူဦးရေဟာ ကမ္ဘာတလွှား ဖမ်းဆီးခံထားရတဲ့ စာရေးဆရာနဲ့တတ်သိပညာရှင်စုစုပေါင်းဦးရေနဲ့ ထက်ဝက် ရှိတယ်လို့လည်း PEN America က ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထောင်ချခံထားရတဲ့ စာရေးဆရာ မောင်သာချို

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် အခြေအနေဟာ အာဏာသိမ်းစစ်တပ်က ဖိနှိပ်မှုတွေလုပ်တာ ၊စာရေးဆရာတွေ ၊တတ်သိပညာရှင်တွေကိုစောင့်ကြည့်တာ ၊ လွတ်လပ်စွာရေးသားပြောဆိုခွင့် ကန့်သတ်ခံရတာ ၊ဖမ်းဆီးထောင်ချတာတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။