Connect with us

Hi, what are you looking for?

News

ရှေ့တန်းစခန်းတစ်ခုသို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ရောက်ရှိနေသည့်ဓာတ်ပုံများ ထုတ်ပြန်

NUG၏ တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်များ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ ဒေသကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်အတူ ရှိနေသည့် ဓာတ်ပုံကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ရှေ့တန်းစခန်းသို့ ဝန်ကြီးဦးရည်မွန် ရောက်ရှိနေသည့် အကြောင်းအရင်းကိုမူ ဝန်ကြီးဌာနက ရေးသားဖော်ပြထားခြင်းမရှိဘဲ ဧပြီ ၁၅ရက် မဟာသင်္ကြန် အကြတ်နေ့က ရှေ့တန်းစခန်း၌ ဝန်ကြီးဦးရည်မွန်ကို ရဲဘော်များနှင့်အတူ တွေ့ရကြောင်းသာ အသိပေးထားသည်။

NUG ဖွဲ့စည်းသည်မှာ ယနေ့ ဧပြီ ၁၆ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ရာ လက်ရှိတွင် NUG ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များသည် နိုင်ငံ၏ နေရာ အတော်များများ အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ မြို့ပြ တချို့ကိုလည်း ဝိုင်းပတ်စိုးမိုးထားပြီးဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ မကြာမီနယ်မြေ အတော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မည်ဟု ၎င်းက အသိပေးခဲ့သည်။

NUG၏ တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်များ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ ဒေသကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့အနေနဲ့ ဘယ်နယ်မြေ ဘယ်ဒေသဆိုတာ အခု သတင်းတွေထဲမှာပါလာတယ်ဆိုလို့ရှိရင် ဒီဒေသတွေ ဒီနယ်မြေတွေမှာတော့ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်ဘူးဆိုတဲ့ သတင်းတွေ အများကြီးတွေ့ရတယ်။ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်တဲ့ နယ်မြေမှန်သမျှဟာ ကျွန်တော်တို့ လူထုက ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တယ်။ လူထုထိန်းချုပ်ထားတဲ့ နယ်မြေ မှန်သမျှသည် လွတ်မြောက်နယ်မြေလို့ ပြောလို့ရတာပေါ့”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးထင်လင်းအောင်က ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ထုတ်ပယ်ခဲ့တဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်အပေါ် ယူကရိန်း ပြည်သူတွေက ဆန္ဒပြကြပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်က လေ့ကျင့်ပေးထားတဲ့ အသေခံဗုံးခွဲ လင်းပိုင်တွေ အသုံးပြုပြီး အမေရိကန်ကို တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။