Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှေ့တန်းစခန်းတစ်ခုသို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ရောက်ရှိနေသည့်ဓာတ်ပုံများ ထုတ်ပြန်

NUG၏ တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်များ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ ဒေသကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်အတူ ရှိနေသည့် ဓာတ်ပုံကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ရှေ့တန်းစခန်းသို့ ဝန်ကြီးဦးရည်မွန် ရောက်ရှိနေသည့် အကြောင်းအရင်းကိုမူ ဝန်ကြီးဌာနက ရေးသားဖော်ပြထားခြင်းမရှိဘဲ ဧပြီ ၁၅ရက် မဟာသင်္ကြန် အကြတ်နေ့က ရှေ့တန်းစခန်း၌ ဝန်ကြီးဦးရည်မွန်ကို ရဲဘော်များနှင့်အတူ တွေ့ရကြောင်းသာ အသိပေးထားသည်။

NUG ဖွဲ့စည်းသည်မှာ ယနေ့ ဧပြီ ၁၆ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ရာ လက်ရှိတွင် NUG ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များသည် နိုင်ငံ၏ နေရာ အတော်များများ အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ မြို့ပြ တချို့ကိုလည်း ဝိုင်းပတ်စိုးမိုးထားပြီးဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ မကြာမီနယ်မြေ အတော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မည်ဟု ၎င်းက အသိပေးခဲ့သည်။

NUG၏ တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်များ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ ဒေသကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့အနေနဲ့ ဘယ်နယ်မြေ ဘယ်ဒေသဆိုတာ အခု သတင်းတွေထဲမှာပါလာတယ်ဆိုလို့ရှိရင် ဒီဒေသတွေ ဒီနယ်မြေတွေမှာတော့ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်ဘူးဆိုတဲ့ သတင်းတွေ အများကြီးတွေ့ရတယ်။ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်တဲ့ နယ်မြေမှန်သမျှဟာ ကျွန်တော်တို့ လူထုက ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တယ်။ လူထုထိန်းချုပ်ထားတဲ့ နယ်မြေ မှန်သမျှသည် လွတ်မြောက်နယ်မြေလို့ ပြောလို့ရတာပေါ့”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးထင်လင်းအောင်က ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

လက်ရှိအခြေအနေတွင် နွေဦးတော်လှန်ရေးကာ ၃ နှစ်တာအတွင် တော်လှရေးတပ်ဖွဲ့များ သိမ်းပိုက်၊ ထိန်းချုပ်ထားသည့်မြို့ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပေ။

နိုင်ငံတကာ

အစ္စရေး အစိုးရဟာ လက်ဘနွန်နဲ့ နယ်စပ် ၁၀ ကီလိုမီတာ အကွာထိ ဒေသထဲမှာ နေထိုင်သူတွေကို အောက်တိုဘာ လဆန်းကတည်းက ရွှေ့ပြောင်းထားစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒေသခံ အများစုဟာ တဲလ်အဗစ်ဗ်မြို့ထဲမှာ အစိုးရ စီစဉ်ပေးရာ ဟိုတယ်ခန်းတွေမှာ နေထိုင်နေကြပါတယ်။