Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်က ကာမီကာဇီ လင်းပိုင်တွေနဲ့ တိုက်ခိုက်နိုင်ကြောင်း ထင်ကြေးတွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပယ်ချ

အီရန်က လေ့ကျင့်ပေးထားတဲ့ အသေခံဗုံးခွဲ လင်းပိုင်တွေ အသုံးပြုပြီး အမေရိကန်ကို တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images/File

အီရန်က လေ့ကျင့်ပေးထားတဲ့ အသေခံဗုံးခွဲ လင်းပိုင်တွေ အသုံးပြုပြီး အမေရိကန်ကို တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် ကာလတုန်းက ရန်သူ့သင်္ဘောတွေပေါ် အသေခံ ထိုးဆင်း ဖောက်ခွဲခဲ့တဲ့ ကာမီကာဇီ တိုက်လေယာဉ်မှူးတွေကို အစွဲပြုပြီး ခေါ်ဝေါ်ထားတဲ့ ကာမီကာဇီ လင်းပိုင်တွေအကြောင်း ခန့်မှန်းမှုတွေအပေါ် ဟက်ဂ်ဆက်သ်က မေလ ၅ ရက်နေ့မှာ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရေး သုတေသီတွေကတော့ လင်းပိုင်တွေကို လက်နက်အဖြစ် အသုံးချမှုဟာ လက်တွေ့နဲ့ အရမ်းကင်းကွာတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ အဲဒီရေနေ နို့တိုက်သတ္တဝါတွေကို စစ်ရေး ရည်မှန်းချက်တွေအတွက် လေ့ကျင့်ပေးတာမျိုးကို အမေရိကန် အပါအဝင် နိုင်ငံတချို့က လုပ်ဆောင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ လင်းပိုင်တွေကို လက်နက်အဖြစ် ပြောင်းလဲ အသုံးချတာမျိုးတော့ ဘယ်တုန်းကမှ အထောက်အထား မတွေ့ခဲ့ရဖူးပါဘူး။

အမေရိကန်မှာ ကာမီကာဇီ လင်းပိုင်တွေ ပိုင်ဆိုင်ထားသလား ဆိုတာကို သူ့အနေနဲ့ အတည်ပြုတာ၊ ငြင်းဆိုတာတွေ ဘာမှ မလုပ်ချင်ကြောင်း၊ ဒါပေမဲ့ အီရန်ဆီမှာတော့ ရှိမနေဘူးဆိုတာ အသေအချာ ပြောနိုင်ကြောင်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန် စစ်ဘက် အရာရှိတွေက အမေရိကန် စစ်သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးဖို့အတွက် အီရန်ဟာ ဖောက်ခွဲရေးမိုင်းတွေ သယ်ဆောင်သွားတဲ့ လင်းပိုင်တွေကို အသုံးပြုနိုင်ခြေရှိကြောင်း ပြောကြားခဲ့တယ်လို့ ဧပြီ ၃၀ မှာ အမေရိကန်ရဲ့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

အမေရိကန် ရေတပ်ရဲ့ ပြန်ကြားရေး ဌာနကတော့ ဟက်ဂ်ဆက်သ်ကိုယ်တိုင် ပြောဆိုခဲ့တဲ့ စကားကလွဲပြီး နောက်ထပ်သီးခြား မှတ်ချက်ပေးစရာ မရှိကြောင်း ဆိုပါတယ်။

အမေရိကန် ရေတပ်ဟာ ၁၉၅၉ ခုနှစ်ကစလို့ ရေနေ နို့တိုက်သတ္တဝါများ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ပြီး ပုလင်းပုံနှာခေါင်း လင်းပိုင်မျိုးစိတ်တွေ၊ ကယ်လီဖိုးနီးယား ပင်လယ်ဖျံတွေကို ရေမြှုပ်မိုင်းနဲ့ တခြားရေအောက် အန္တရာယ်တွေ ထောက်လှမ်းရှာဖွေရေး၊ ရေအောက် နစ်မြုပ်နေတဲ့ ပစ္စည်းတွေ ရှာဖွေဆယ်ယူရေးအတွက် လေ့ကျင့်ပေးခဲ့ပါတယ်။

ဗီယက်နမ် စစ်ပွဲကာလမှာတော့ ရေတပ်က လေ့ကျင့်ပေးထားတဲ့ လင်းပိုင်တွေဟာ စစ်စခန်းတွေနား ရေငုပ်ချဉ်းကပ်လာတဲ့ ရန်သူတွေကို ထောက်လှမ်းဖော်ထုတ်ပေးနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။ ဒါ့အပြင် အီရန်စစ်ပွဲကာလ ၂၀၀၃ ခုနှစ်တုန်းက အွမ်ကာဆာ ဆိပ်ကမ်းတဝိုက်က ရေမြှုပ်မိုင်းတွေကို ရှာဖွေ ရှင်းလင်းမှုမှာ လေ့ကျင့်ပေးထားတဲ့ ရေနေ နို့တိုက်သတ္တဝါတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီခဲ့ဖူးကြောင်း ရေတပ်ရဲ့ မှတ်တမ်းတွေမှာ ပါရှိခဲ့ပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ သေစေနိုင်တဲ့ ဆေးတွေ နှစ်ကြိမ် ထိုးသွင်းပြီးတဲ့ထိ မသေခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးအတွက် သေဒဏ် စီရင်မှုကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Facebook