Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ – ချောင်းဦးလမ်းပိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ် ကင်း​ပွိုင့်နေရာ စီးနင်းခံရပြီး PDF ငါးဦးကျဆုံး

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာပင်မ သပိတ်စစ်ကြောင်းသည် PDFများနှင့်အတူ လူထုအင်အားအများအပြားဖြင့် မိနစ် ၂၀ကြာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ ကင်းပွိုင့်နေရာတစ်ခု စီးနင်းခံရပြီး ​ဒေသခံPDF ငါးဦး ပစ်သတ်ခံရ၍ ကျဆုံးခဲ့ရကြောင်း မုံရွာသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက အတည်ပြုသည်။

ယနေ့ (ဧပြီ ၁၇ ရက်) နှစ်ဆန်းတစ်ရက်​နေ့ နံနက်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ​ဒေသခံPDF ကင်းပွိုင့်တစ်ခုအား ဒလန်သတင်းပေးမှုဖြင့် ပျူစောထီးများရောက်ရှိလာပြီး PDF ငါးဦးအား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

“သပိတ်စစ်ကြောင်းအပြီး ခဏအကြာမှာပဲ မုံရွာ – ချောင်းဦး လမ်းပိုင်းကို တာဝန်ယူကြီးကြပ်ဆောင်ရွက်နေတဲ့ Local PDF ကင်းပွိုင့်တစ်ခုကို တောပုရွာက ပျူစောထီးတွေက ဒလံသတင်းပေးမှုအရ PDF ပွိုင့်နေရာအတိအကျကိုသိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။PDF ငါးဦးအဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်”ဟု ကိုသန်းကျော်ဦးက ပြောသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာပင်မ သပိတ်စစ်ကြောင်းသည် PDFများနှင့်အတူ လူထုအင်အားအများအပြားဖြင့် မိနစ် ၂၀ကြာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သပိတ်စစ်ကြောင်းသည် စကစ၊ ပျူများနှင့် ထိတွေ့မှု တစ်စုံတစ်ရာမှ မဖြစ်ခဲ့သလို သပိတ်စစ်ကြောင်းလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာ လူစုခွဲနိုင်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းတွင် လိုက်ပါလာသည့် မိဘပြည်သူများနှင့် PDF များ အန္တရာယ်မရှိခဲ့ကြောင်း မုံရွာပင်မသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။