Connect with us

Hi, what are you looking for?

News

ပြည်သူနှင့်ပူး​ပေါင်းလာ​သော တပ်ကြပ်ကြီးစာ​ရေးတစ်ဦးကိုCDF-CDM စီးယင်းကလွတ်​မြောက်နယ်​မြေပို့​ပေး

မြန်မာနိုင်ငံလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းကျော်ရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

(CDMပြုလုပ်၍ လွတ်​မြောက်နယ်​မြေ​​ရောက်တပ်ကြပ်ကြီးစာ​ရေးဇနီး​မောင်နှံနှင့် CDF-CDM-စီးယင်းမှ တာဝန်ရှိသူတစ်ဦးတို့ကို​တွေ့ရစဥ်)

စစ်​ကောင်စီ၏ကလေးမြို့ စစ်ရုံးမှ တပ်ကြပ်ကြီးစာရေးတစ်ဦး ချင်းပြည်ကာကွယ်ရေးတပ်- CDF( CDM- စီးယင်း)ကို ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု CDF
( CDM-စီးယင်း)ကယ​နေ့ ထုတ်ပြန်သည်။

ပြည်သူနှင့်ပူး​ပေါင်းလာ​သော အဆိုပါတပ်မ​တော်သားသည်လက်ရှိတွင် လွတ်မြောက်နယ်မြေကို ရောက်နေရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့က ဧပြီ ၁၉ တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(CDMပြုလုပ်၍ လွတ်​မြောက်နယ်​မြေ​​ရောက်တပ်ကြပ်ကြီးစာ​ရေးဇနီး​မောင်နှံနှင့် CDF-CDM-စီးယင်းမှ တာဝန်ရှိသူတစ်ဦးတို့ကို​တွေ့ရစဥ်)

“သူနဲ့ သူ့အမျိုးသမီးနဲ့ နှစ်ယောက်ပါ။ ကျနော်တို့ CDF ၊CDM Siyinအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းလာပါတယ်။” ဟု CDF( CDM-စီးယင်း)က တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုပြင် ၎င်းတို့အဖွဲ့ကို ဆက်သွယ်၍ပြည်သူနှင့်ပူး​ပေါင်းလာသည့် တပ်မ​တော်သားအရေအတွက်မှာ အနည်း ၂၀ နှင့် ၃၀ ဦးကြားရှိပြီဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းကျော်ရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။