Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူနှင့်ပူး​ပေါင်းလာ​သော တပ်ကြပ်ကြီးစာ​ရေးတစ်ဦးကိုCDF-CDM စီးယင်းကလွတ်​မြောက်နယ်​မြေပို့​ပေး

မြန်မာနိုင်ငံလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းကျော်ရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

(CDMပြုလုပ်၍ လွတ်​မြောက်နယ်​မြေ​​ရောက်တပ်ကြပ်ကြီးစာ​ရေးဇနီး​မောင်နှံနှင့် CDF-CDM-စီးယင်းမှ တာဝန်ရှိသူတစ်ဦးတို့ကို​တွေ့ရစဥ်)

စစ်​ကောင်စီ၏ကလေးမြို့ စစ်ရုံးမှ တပ်ကြပ်ကြီးစာရေးတစ်ဦး ချင်းပြည်ကာကွယ်ရေးတပ်- CDF( CDM- စီးယင်း)ကို ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု CDF
( CDM-စီးယင်း)ကယ​နေ့ ထုတ်ပြန်သည်။

ပြည်သူနှင့်ပူး​ပေါင်းလာ​သော အဆိုပါတပ်မ​တော်သားသည်လက်ရှိတွင် လွတ်မြောက်နယ်မြေကို ရောက်နေရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့က ဧပြီ ၁၉ တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(CDMပြုလုပ်၍ လွတ်​မြောက်နယ်​မြေ​​ရောက်တပ်ကြပ်ကြီးစာ​ရေးဇနီး​မောင်နှံနှင့် CDF-CDM-စီးယင်းမှ တာဝန်ရှိသူတစ်ဦးတို့ကို​တွေ့ရစဥ်)

“သူနဲ့ သူ့အမျိုးသမီးနဲ့ နှစ်ယောက်ပါ။ ကျနော်တို့ CDF ၊CDM Siyinအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းလာပါတယ်။” ဟု CDF( CDM-စီးယင်း)က တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုပြင် ၎င်းတို့အဖွဲ့ကို ဆက်သွယ်၍ပြည်သူနှင့်ပူး​ပေါင်းလာသည့် တပ်မ​တော်သားအရေအတွက်မှာ အနည်း ၂၀ နှင့် ၃၀ ဦးကြားရှိပြီဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းကျော်ရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။