Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်က ပြည်သူနှစ်ဦးအားသတ်ဖြတ်ပြီး ရွာတစ်ရွာကိုမီးရှို့ဖျက်ဆီး

ညောင်လှကျေးရွာနှင့် တစ်ဆက်တည်းတည်ရှိသည့် ဝဲကြီး၊ ကုန်းကြီး၊ သရက်တော၊ သပြေသာ စသည့် ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ညောင်လှကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတ​ပ်က သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်သွားကာ ကျေးရွာတစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့( ဧပြီလ ၂ ၀ ရက်နေ့) နံနက်သုံးနာရီခန့်အချိန်က အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်းကျေးရွာသို့ သုံးနေရာမှ ဝင်ရောက်လာပြီး အသက် (၅၀) ကျော်နှင့် အသက်(၆၀)ကျော်ပြည်သူနှစ်ဦးအားပစ်သတ်သွားကြောင်း​ဒေသခံများက​ပြောသည်။ထို့အပြင် မူးခံတွင်းကျေးရွာအနီးရှိ ညောင်လှကျေးရွာကိုပါ ဝင်ရောက် မီးရှို့ဖျက်ဆီး​သော​ကြောင့် ပြည်သူ့နေအိမ်များစွာ ဆုံးရှုံးပျက်စီးနိုင်ကြောင်း ဒီပဲယင်းဒေသခံများက ပြောသည်။

Public Service Announcement

“နေရာ သုံးနေရာခွဲပြီး မီးရှို့ဖျက်ဆီးနေတာလို့ သိရပါတယ်။ မီးခိုးလုံးတွေအဝေးကကို မြင်နေရတယ်”ဟုဒီပဲယင်းနယ်ခံတစ်ဦးက ​ပြောသည်။

ညောင်လှကျေးရွာနှင့် တစ်ဆက်တည်းတည်ရှိသည့် ဝဲကြီး၊ ကုန်းကြီး၊ သရက်တော၊ သပြေသာ စသည့် ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်ရှိ ပြည်သူ့နေအိမ် (၃)လုံးနှင့် ဆိုင်ကယ်ဆယ်စီးခန့်ကိုလည်းမီးရှို့ဖျက်ဆီးသွားကြောင်း၊ မဲအိုးကျေးရွာကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ပြီး သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးသည့်အတွက် နေအိမ် (၁၅)လုံးခန့် မီးလောင်ဆုံးရှုံးကာ စပါးတိုက်များ၊ လယ်ယာသုံးစက်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။