Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ် အင်အားစုဖွဲ့နေသည့် သတင်းများအတွက် ရင်ဆိုင်ရန် ပြင်ဆင်ထားဟု ရှေ့တန်းတပ်မှူးပြော

လေးကေ့ကော်ဒေသ တိုက်ပွဲများ၌ သေဆုံးထိခိုက်မှုများပြားခဲ့သည့်စစ်ကောင်စီတပ်သည် အဆိုပါဒေသကို ထိုးစစ်ဆင်ရန် အင်အားစုဖွဲ့မှုများရှိသကဲ့သို့ စစ်ရေးလှုပ်ရှားမှု အချို့တွေ့ရသည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းမှ တပ်သားများ CDMပြုလုပ်လာမှုများရှိနေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ လေးကေ့ကော်ဒေသသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ်က ပြင်ဆင်နေသည့် သတင်းများ ကြားနေရပြီး အခြေအနေအမျိုးမျိုးကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောကြားသည်။

လေးကေ့ကော်ဒေသ တိုက်ပွဲများ၌ သေဆုံးထိခိုက်မှုများပြားခဲ့သည့်စစ်ကောင်စီတပ်သည် အဆိုပါဒေသကို ထိုးစစ်ဆင်ရန် အင်အားစုဖွဲ့မှုများရှိသကဲ့သို့ စစ်ရေးလှုပ်ရှားမှု အချို့တွေ့ရသည်ဟု ဆိုသည်။

“သူတို့ဘက်က ပြင်ဆင်နေတဲ့ သတင်းတချို့တော့ ကြားတယ်။ အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ဖို့အတွက်ကတော့ ကျွန်တော်တို့က ပြင်ဆင်ထားပြီးသားပါပဲ။ ညကဆို ၁၂နာရီခွဲလောက်မှာ ဗုံးလာကြဲတာ”ဟု PDF တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဆက်လက်၍ အဆိုပါ တပ်မှူးက “ သူတို့ဘက်က လှုပ်ရှားစစ်ကြောင်းတွေတော့ တခါတစ်ရံ လှုပ်ရှားတာတွေ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ထိတွေ့မှုအထိ ဖြစ်မသွားဘူး။ အဲဒီဘက်က ထောင်ထားတဲ့မိုင်းတွေထိပြီး အထိနာပြီးပြန်ဆုတ်သွားတာပဲရှိတယ်”ဟု ပြောကြား သည်။

လတ်တလောတွင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ ပြည်သူနှင့်ပူးပေါင်းရန် CDM ပြုလုပ်လာသည့် တပ်သားများ ပိုများလာကြောင်း ၎င်းက ဆိုသည်။

“ဘာပဲဖြစ်ဖြစ် CDMတွေကလည်း ကျွန်တော်တို့သတင်းမှာ ဖော်ပြတာရှိသလို မဖော်ပြတာတွေလည်းရှိတယ်။ ရှေ့တန်းကနေ CDM လုပ်တဲ့ လူတွေ တဖွဲဖွဲဝင်နေတာရှိတယ်။ သတင်းပေါ်မရောက်သေးတာပဲရှိတယ်။ အရေအတွက်တော့ ကျွန်တော်တို့ မပြောချင်သေးဘူး” ဟု လေးကေ့ကော်ဒေသရှိ PDFတပ်မှူးက ပြောသည်။

စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူအပါအဝင် စစ်အင်အားအလုံးအရင်းဖြင့် လေးကေ့ကော်ဒေသကို ချေမှုန်းရန်ကြိုးစားလာနိုင်ရာ ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုသတင်းများကို မျှဝေပေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။

လေးကေ့ကော်ဒေသအပါအဝင် KNU တပ်မဟာ(၆) နယ်မြေအတွင်း၌ ယခု ဧပြီလဝက်အတွင်း တိုက်ပွဲ ၅၅ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တို့မှ တပ်ဖွဲ့ဝင် ၈၇ဦး သေဆုံးကာ ၄၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။