Connect with us

Hi, what are you looking for?

News

ယောဒေသရှိ စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော် စားနပ်ရိက္ခာအခက်ကြုံ နေ

ယောဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့် တိုက်ပွဲများ နေ့စဥ်ဖြစ်နေသည်။

(ယောဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် တွေ့ရသော ပြည်သူများ)

လှူဒါန်းပေးရန် မေတ္တာရပ်ခံ

ယောဒေသတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီ (YRCIDP)က ထုတ်ပြန်သည်။

(ယောဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် တွေ့ရသော ပြည်သူများ)

ထီးလင်း၊ ကျောက်ထု၊ဂန့်ဂေါ၊ ဆောမြို့နယ်တို့ပါဝင်သော ယောနယ်တွင် အိမ်ခြေပေါင်း ၅၀၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့ပြီး ပြည်သူများသည် အိုးမဲ့အိမ်မဲ့ဘဝဖြင့် တောတောင်ထဲတွင် ခက်ခဲဆင်းရဲစွာ ရုန်းကန်နေရကြောင်း YRCIDPက ယနေ့(ဧပြီ ၂၂ရက်) အသိပေး ရှင်းပြထားသည်။

Public Service Announcement

“ယောနယ်ရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါး၊အစားအစာနဲ့ သန့်ရှင်းတဲ့ရေ ရရှိဖို့ မလွယ်ကူတဲ့ကြားကနေ ရုန်းကန်နေရပါတယ်။ အိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ အစားအစာ၊ သောက်ရေနဲ့ ဆေးဝါးများကို အဓိကလိုအပ် လျက်ရှိပါတယ်”ဟု YRCIDP ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယောဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့် တိုက်ပွဲများ နေ့စဥ်ဖြစ်နေသည်။

“တော်လှန်ရေးမှာ စစ်တပ် လန်(ရှုံး)သွားပြီ။ ကျွန်တော်တို့ ပြည်သူတွေဖက်က နိုင်နေပြီ။ အပြီးသတ် အနိုင်မရခင်၊ ပွဲမသိမ်းနိုင်ခင်လေးမှာ အနယ်နယ်အရပ် ရပ်က ပြည်သူတွေရဲ့အားနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးကြပါ”ဟု ထီးလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို ထောက်ပံ့လှုုဒါန်းလိုပါက ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (YRCIDP) page https://www.facebook.com/YRCIDP/
၏ မက်ဆင်ဂျာသို့ ဆက်သွယ်ပေးရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။