Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ်တွင် ခရီးသွားယာဥ်များအား လိုအပ် ချက်အရ စစ်​ဆေးမည်ဖြစ်၍ ပူး​ပေါင်ပါဝင်​ပေးကြရန် PDF ​မေတ္တာရပ်ခံ

ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယာဥ်များအား စစ်ဆေးခဲ့ကြောင်း ယနေ့ ဧပြီလ ၂၃ ရက်တွင် အသိ​ပေးထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်၌ ခရီးသွားယာဥ်များအား လိုအပ်ချက်အရ စစ်ဆေးနေပြီး မြို့နယ်တွင်းအခြားလမ်းမများကိုလည်း စစ်ဆေးသွားမည်ဖြစ်သောကြောင့် ခရီးသွားယာဥ်များအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က မေတ္တာရပ်ခံသည်။

ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယာဥ်များအား စစ်ဆေးခဲ့ကြောင်း ယနေ့ ဧပြီလ ၂၃ ရက်တွင် အသိ​ပေးထုတ်ပြန်သည်။

ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများအား လိုအပ်လျှင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ခရီးသွားယာဥ်များ အနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန်မေတ္တာရပ်ခံကြောင်း၊ စစ်ရေးလိုအပ်ချက် ၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွားမည်ဖြစ်ပြီး Facebook စာမျက်နှာမှတဆင့် ကြိုတင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က အသိပေးထားသည်။

ပခုက္ကူခရိုင်ရှိ ရေစကြိုမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်အပြင် ရေလယ်ကျွန်းဒေသတွင်ပါ ရရာလက်နက်ဖြင့် ခုခံတော်လှန်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။