မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်၌ ခရီးသွားယာဥ်များအား လိုအပ်ချက်အရ စစ်ဆေးနေပြီး မြို့နယ်တွင်းအခြားလမ်းမများကိုလည်း စစ်ဆေးသွားမည်ဖြစ်သောကြောင့် ခရီးသွားယာဥ်များအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က မေတ္တာရပ်ခံသည်။
ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယာဥ်များအား စစ်ဆေးခဲ့ကြောင်း ယနေ့ ဧပြီလ ၂၃ ရက်တွင် အသိပေးထုတ်ပြန်သည်။
ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများအား လိုအပ်လျှင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ခရီးသွားယာဥ်များ အနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန်မေတ္တာရပ်ခံကြောင်း၊ စစ်ရေးလိုအပ်ချက် ၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွားမည်ဖြစ်ပြီး Facebook စာမျက်နှာမှတဆင့် ကြိုတင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က အသိပေးထားသည်။
ပခုက္ကူခရိုင်ရှိ ရေစကြိုမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်အပြင် ရေလယ်ကျွန်းဒေသတွင်ပါ ရရာလက်နက်ဖြင့် ခုခံတော်လှန်နေကြသည်။