Connect with us

Hi, what are you looking for?

News

ပဲခူးခရိုင် PDF တပ်ရင်းကစစ်​ကောင်စီတပ်မ (၇၇)လက် အောက်ခံတပ် လုံခြုံရေးဂိတ်များကို မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း PDF တပ်ရင်းများသည် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်အဟုန်မြင့်တိုက်ခိုက်နေပြီး ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် စစ်ရေး Mission များ ဆက်တိုက် ဖော်ဆောင်လျက်ရှိသည်။

ပဲခူးခရိုင် PDF တပ်ရင်းက အကြမ်းဖက်စစ်​ကောင်စီ၏ တပ်မ (၇၇)လက် အောက်ခံတပ်များ၏ လုံခြုံရေးဂိတ်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဧပြီ ၂၆)ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၂၅)ည ၈ နာရီခန့်က တပ်မ (၇၇)လက်အောက်ခံ အင်းတကော်မြို့အခြေစိုက် ခမရ (၁၀၅)၊ ခမရ (၁၀၇)တို့​၏ ဂိတ်တဲများကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ထိုမြို့ရှိ စစ်တပ်၏စီးပွားရေးထောက်တိုင် ဦးပိုင်စက်မှုဇုန်အဝင် ဂိတ်တဲအား မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေ အနေအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

ပဲခူးတိုင်း PDF တပ်ရင်းများသည် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်အဟုန်မြင့်တိုက်ခိုက်နေပြီး ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် စစ်ရေး Mission များ ဆက်တိုက် ဖော်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။