ပဲခူးခရိုင် PDF တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၇၇)လက် အောက်ခံတပ်များ၏ လုံခြုံရေးဂိတ်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဧပြီ ၂၆)ထုတ်ပြန်သည်။
ယမန်နေ့(ဧပြီ ၂၅)ည ၈ နာရီခန့်က တပ်မ (၇၇)လက်အောက်ခံ အင်းတကော်မြို့အခြေစိုက် ခမရ (၁၀၅)၊ ခမရ (၁၀၇)တို့၏ ဂိတ်တဲများကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ထိုမြို့ရှိ စစ်တပ်၏စီးပွားရေးထောက်တိုင် ဦးပိုင်စက်မှုဇုန်အဝင် ဂိတ်တဲအား မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေ အနေအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။
ပဲခူးတိုင်း PDF တပ်ရင်းများသည် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်အဟုန်မြင့်တိုက်ခိုက်နေပြီး ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် စစ်ရေး Mission များ ဆက်တိုက် ဖော်ဆောင်လျက်ရှိသည်။

Public Service Announcement


















































