Connect with us

Hi, what are you looking for?

News

အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် ရွေးကောက်ခံအမတ်များနှင့် ဒေသခံလက်နက်ကိုင်များ ညှိနှိုင်းတိုင်ပင်ရန်လိုအပ်နေဟု KNPP ပြော

KNPP လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)၊ KA၏ စစ်ရေးကွပ်ကဲမှု အောက်တွင်ရှိသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ရှိခဲ့သည်။

ကရင်နီဒေသ၌ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံအင်အားစုများအကြား ညှိနှိုင်းတိုင်ပင်ရန် လိုအပ်နေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်က ပြောကြားသည်။

KNPP ပြည်နယ်ရေးဝန်ကြီးဌာနက အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းအား ကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာခဲ့ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်နယ်ရဲ့အုပ်ချုပ်ရေးက ပြည်နယ်က လိုအပ်သလို ပေါ့နော် ပြည်နယ်ကိုယ်စားပြုတဲ့ အဖွဲ့တွေကပဲ လိုအပ်သလို ဖွဲ့စည်းတည်ဆောက်သွားဖို့ဆိုတာ ပါရှိပြီးသား အခုဟာက ရွေးကောက်ခံ အမတ်တွေက သူ့ဟာသူ ဖွဲ့စည်းတာပေါ့နော်။ ဖွဲ့စည်းတော့ တကယ့်တကယ် ပြည်နယ်မှာက တကယ်လှုပ်ရှားနေ တာက ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံ အစုအဖွဲ့တွေဖြစ်တယ်လေ။

တကယ်တန်း လုပ်ငန်းတွေ ဆောင်ရွက်မယ်ဆို ညှိနှိုင်းတိုင်ပင်ပြီးတော့ လုပ်ရလိမ့်မယ်။ အခုက ညှိနှိုင်းတိုင်ပင်မှုအားနည်းလို့ အဲဒီလိုဖြစ်တယ်လို့ပဲ မြင်ပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ၂၀၂၂ ဖေဖော်ဝါရီ ၂၂ရက်က ညွှန်ကြားစာကို ရည်ညွှန်း၍ ဒီးမော့ဆိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ကြားကာလ ရပ်ကွက်၊ကျေးရွာအုပ်စု ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ယခု ဧပြီ ၁၄ရက်တွင် ကြေညာခဲ့ခြင်း၊ ဧပြီ ၂၄ရက်တွင် အမျိုးသားညီညွတ် ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခြင်း အပေါ် KNPP ပြည်ထဲရေးက ကန့်ကွက်စာထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်မှုသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) မှ ရေးဆွဲ၍ ပြည်သူ့ညီလာခံ၌ အတည်ပြုထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် အစိတ်အပိုင်း(၂)ပါ ကြားကလ ပြည်နယ်/ဖက်ဒရယ်ယူနစ် များ၏ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးကဏ္ဍ တွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်နေသည်ဟု KNPP ပြည်ထဲရေးဌာနက ဆိုသည်။

“အဓိကတော့ ကျွန်တော်တို့ ဖက်ဒရယ် ပဋိဉာဉ် အစိတ်အပိုင်း(၂)မှာ ကြားကာလကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊တရားစီရင်းရေးကို ဘယ်လိုသွားမလဲ ပြည်နယ်တွေရဲ့ ကိစ္စနဲ့ပတ်သက်ပြီးမှ အတိအလင်း ဖော်ပြထားတာရှိပါတယ်။အဲဒါကတော့ ပြည်နယ်တွေရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ပြည်နယ်တွေကပဲ လိုအပ်သလို တည်ဆောက်သွားမယ်ဆိုတဲ့ တစ်ချက်ပါပါတယ်။ ဆိုတော့ အခုကတော့ ပြည်နယ်တွေမှာ ရှိတဲ့ အတိုင်ပင်ခံကောင်စီမှာရှိတဲ့ အဖွဲ့တွေလည်းမသိဘူးပေါ့။ နောက်တချို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကနေမှ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေလည်း မသိဘူးပေါ့နော်။KNPP ပြည်ထဲရေးလိုမျိုး အဲဒီလိုမျိုးအဖွဲ့တွေလည်း မသိဘူးဆိုတော့ သူက တစ်စုံတစ်ရာ ညှိနှိုင်းမှုမရှိဘဲနဲ့ ဒီလို ဖွဲ့စည်းလိုက်တာတော့ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းပဲဖြစ်လိမ့်မယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း ယခင်ကတည်းက ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ နှင့်သော်လည်းကောင်း၊ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီနှင့်သော်လည်းကောင်း တစ်စုံတစ်ရာ ကြေလည်မှုရှိအောင် ညှိနှိုင်း ဆောင်ရွက်ခြင်း မပြုဘဲ ဖွဲ့စည်းထားသည့် မည်သည့် အုပ်ချုပ်ရေးအဖွဲ့ကိုမဆို လက်ခံသွားမည်မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားရန် အသိပေးကြောင်း KNPP ပြည်ထဲရေးဌာနက ထုတ်ပြန်ခဲ့သည်။

KNPP လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)၊ KA၏ စစ်ရေးကွပ်ကဲမှု အောက်တွင်ရှိသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားရေးနဲ့တော်လှန်ရေးအတွက် ဘဝသက်တမ်းတစ်လျှောက်လုံးပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။