Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် အီးယူပြစ်တင်ရှုတ်ချ

စစ်ကောင်စီ၏ တရားစီရင်မှုဖြစ်စဉ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်း ဆောင်များကို ဖယ်ရှားရန်ရှင်းလင်းသော ကြိုးပမ်းမှုဖြစ်ကြောင်း အီးယူက ဆိုသည်။

စစ်ကောင်စီတရားရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂ(EU)က ပြစ်တင်ရှုတ်ချလိုက်သည်။

စစ်ကောင်စီလက်အောက်ခံတရားရုံးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၂၇ ရက်တွင် ထောင်ဒဏ်ချမှတ်ခြင်းနှင့် အဆိုပါတရားခွင်များသည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တရားစီရင်မှုဖြစ်စဉ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်း ဆောင်များကို ဖယ်ရှားရန်ရှင်းလင်းသော ကြိုးပမ်းမှုဖြစ်ကြောင်း အီးယူက ဆိုသည်။

ထို့အပြင် အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်က တောင်းဆိုသော အားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးမှုမှလည်း ဖယ်ထုတ်ရန် အထင်အရှားကြိုးပမ်းခြင်းဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အာဏာသိမ်းချိန်ကစလို့ တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ရဲ့ အရေးပေါ်တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုပါတယ်”ဟု အီးယူက ဆိုသည်။

တရားမဝင်အာဏာသိမ်းသူများက ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်များကို ထောင်ဒဏ်ချမှတ်နေခြင်းသည် တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်သည့်နောက်ထပ်ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို ဗြောင်ကျကျနောက်ထပ်ချိုးဖောက်မှုဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook