Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် အီးယူပြစ်တင်ရှုတ်ချ

စစ်ကောင်စီ၏ တရားစီရင်မှုဖြစ်စဉ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်း ဆောင်များကို ဖယ်ရှားရန်ရှင်းလင်းသော ကြိုးပမ်းမှုဖြစ်ကြောင်း အီးယူက ဆိုသည်။

စစ်ကောင်စီတရားရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂ(EU)က ပြစ်တင်ရှုတ်ချလိုက်သည်။

စစ်ကောင်စီလက်အောက်ခံတရားရုံးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၂၇ ရက်တွင် ထောင်ဒဏ်ချမှတ်ခြင်းနှင့် အဆိုပါတရားခွင်များသည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တရားစီရင်မှုဖြစ်စဉ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်း ဆောင်များကို ဖယ်ရှားရန်ရှင်းလင်းသော ကြိုးပမ်းမှုဖြစ်ကြောင်း အီးယူက ဆိုသည်။

ထို့အပြင် အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်က တောင်းဆိုသော အားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးမှုမှလည်း ဖယ်ထုတ်ရန် အထင်အရှားကြိုးပမ်းခြင်းဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အာဏာသိမ်းချိန်ကစလို့ တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ရဲ့ အရေးပေါ်တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုပါတယ်”ဟု အီးယူက ဆိုသည်။

တရားမဝင်အာဏာသိမ်းသူများက ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်များကို ထောင်ဒဏ်ချမှတ်နေခြင်းသည် တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်သည့်နောက်ထပ်ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို ဗြောင်ကျကျနောက်ထပ်ချိုးဖောက်မှုဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ကျော် မဗျက်မွှေဆုန်ကို CDFများကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ