Connect with us

Hi, what are you looking for?

ဗီဒီယို

ကိယက်ဗ်မြို့မှာ ကုလသမဂ္ဂ အကြီးအကဲ ရှိနေချိန် ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဂူတာရက်စ် ရောက်ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ ပစ်တယ် ဆိုကတည်းက ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ ရောက်ရှိနေတဲ့ အချိန်မှာ ကိယက်ဗ်မြို့ကို ရုရှား စစ်တပ်က ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ အားထုတ်မှုအဖြစ် နှစ်နိုင်ငံစလုံးကို သွားရောက်ပြီး သက်ဆိုင်ရာ သမ္မတတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဂူတာရက်စ်ဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်က ထွက်ခွာလာပြီး ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို ရောက်ရှိနေချိန်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဂူတာရက်စ်နဲ့ တွေ့ဆုံချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သူဟာ စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားဆဲလို့ ပြောခဲ့ပေမယ့် ဂူတာရက်စ် ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်စေခဲ့တာပါ။ ကိယက်ဗ်ကို ဒုံးကျည် အနည်းဆုံး ၂ စင်း ကျရောက် ပေါက်ကွဲပြီး သတင်းထောက် ၁ ဦး အပါအဝင် သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဂူတာရက်စ် ရောက်ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ ပစ်တယ် ဆိုကတည်းက ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။ ရုရှားဟာ နိုင်ငံတကာ အသိုက်အဝန်းကို ဂရုမစိုက်သလို စစ်ပွဲကို တမင်တကာ ရန်လိုပြီး ဖန်တီးတယ်ဆိုတာ ထင်သာမြင်သာ ပြသလိုက်တာလို့လည်း ဇီလန်စကီးက ဆိုပါတယ်။

ဒီအတောအတွင်း ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းဘက်စ် ဒေသမှာ ရုရှားက မီးစုန်း ဖော့စ်ဖရပ်စ် ပါဝင်တဲ့ လက်နက်တွေ အသုံးပြုနေတယ်လို့လည်း ယူကရိန်းစစ်တပ်က စွပ်စွဲခဲ့ပါတယ်။ ဖော့စ်ဖရပ်စ်ဟာ နိုင်ငံတကာ စံနှုန်းတွေအရ ဓာတုလက်နက် အဆင့်လို့ သတ်မှတ် မထားပေမယ့် စစ်မြေပြင်မှာ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကို အဓိက စစ်မျက်နှာဖွင့်ပြီး အလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် ကိယက်ဗ် အပါအဝင် တခြားမြို့ကြီးတွေလည်း လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာ ခံနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook