Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကိယက်ဗ်မြို့မှာ ကုလသမဂ္ဂ အကြီးအကဲ ရှိနေချိန် ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဂူတာရက်စ် ရောက်ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ ပစ်တယ် ဆိုကတည်းက ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ ရောက်ရှိနေတဲ့ အချိန်မှာ ကိယက်ဗ်မြို့ကို ရုရှား စစ်တပ်က ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ အားထုတ်မှုအဖြစ် နှစ်နိုင်ငံစလုံးကို သွားရောက်ပြီး သက်ဆိုင်ရာ သမ္မတတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဂူတာရက်စ်ဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်က ထွက်ခွာလာပြီး ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို ရောက်ရှိနေချိန်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဂူတာရက်စ်နဲ့ တွေ့ဆုံချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သူဟာ စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားဆဲလို့ ပြောခဲ့ပေမယ့် ဂူတာရက်စ် ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်စေခဲ့တာပါ။ ကိယက်ဗ်ကို ဒုံးကျည် အနည်းဆုံး ၂ စင်း ကျရောက် ပေါက်ကွဲပြီး သတင်းထောက် ၁ ဦး အပါအဝင် သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဂူတာရက်စ် ရောက်ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ ပစ်တယ် ဆိုကတည်းက ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။ ရုရှားဟာ နိုင်ငံတကာ အသိုက်အဝန်းကို ဂရုမစိုက်သလို စစ်ပွဲကို တမင်တကာ ရန်လိုပြီး ဖန်တီးတယ်ဆိုတာ ထင်သာမြင်သာ ပြသလိုက်တာလို့လည်း ဇီလန်စကီးက ဆိုပါတယ်။

ဒီအတောအတွင်း ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းဘက်စ် ဒေသမှာ ရုရှားက မီးစုန်း ဖော့စ်ဖရပ်စ် ပါဝင်တဲ့ လက်နက်တွေ အသုံးပြုနေတယ်လို့လည်း ယူကရိန်းစစ်တပ်က စွပ်စွဲခဲ့ပါတယ်။ ဖော့စ်ဖရပ်စ်ဟာ နိုင်ငံတကာ စံနှုန်းတွေအရ ဓာတုလက်နက် အဆင့်လို့ သတ်မှတ် မထားပေမယ့် စစ်မြေပြင်မှာ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကို အဓိက စစ်မျက်နှာဖွင့်ပြီး အလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် ကိယက်ဗ် အပါအဝင် တခြားမြို့ကြီးတွေလည်း လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာ ခံနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။