Connect with us

Hi, what are you looking for?

News

ကျိုက်ထိုရှိ စစ်ကောင်စီကင်းစခန်းအား မီးရှို့ဖျက်ဆီးခဲ့၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်များရဟု KNU တပ်မဟာ(၁)တာဝန်ရှိသူပြော

KNU သထုံခရိုင် အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် သထုံ၊ ဘီးလင်းမြို့နယ် များရှိ စစ်ကောင်စီတပ်စခန်းနှင့် ကင်းစခန်းများကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

(ယမန်နေ့က ကျိုက်ထိုမြို့နယ် အထက်အင်္ဂဘိုကျေးရွာရှိ စကစ ကင်းပုန်းဝပ် တပ်စွဲထားသော စကစကင်းစခန်းတစ်ခုအား KNU တပ်မဟာ (၁) တပ်ရင်း (၃) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်စဥ်၊ ဓာတ်ပုံ - KRIN)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၃ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် အထက် အင်္ဂဘိုကျေးရွာရှိ စစ်ကောင်စီ ကင်းပုန်းဝပ် တပ်စွဲထားသည့် စခန်းတစ်ခုအား KNU တပ်မဟာ(၁)၊ တပ်ရင်း(၃) နှင့် ပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Kyaikhto Revolution and Information Network(KRIN)က ထုတ်ပြန်ထားသည်။

“ကင်းပုန်းဝပ်တဲ့နေရာမှာ သူတို့က ပစ္စည်းတွေလာဝှက်ထားတဲ့အတွက် ကျွန်တော်တို့ အဖွဲ့ကနေ သွားရှင်းပြီးတော့ ပစ္စည်းသွားသိမ်းပြီး မီးရှို့လိုက်တာ။ ကျည်ဆံတွေရတယ် ပြီးရင် ယူနီဖောင်းတွေ ရတယ်”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

KNU သထုံခရိုင် အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် သထုံ၊ ဘီးလင်းမြို့နယ် များရှိ စစ်ကောင်စီတပ်စခန်းနှင့် ကင်းစခန်းများကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook