Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျိုက်ထိုရှိ စစ်ကောင်စီကင်းစခန်းအား မီးရှို့ဖျက်ဆီးခဲ့၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်များရဟု KNU တပ်မဟာ(၁)တာဝန်ရှိသူပြော

KNU သထုံခရိုင် အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် သထုံ၊ ဘီးလင်းမြို့နယ် များရှိ စစ်ကောင်စီတပ်စခန်းနှင့် ကင်းစခန်းများကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

(ယမန်နေ့က ကျိုက်ထိုမြို့နယ် အထက်အင်္ဂဘိုကျေးရွာရှိ စကစ ကင်းပုန်းဝပ် တပ်စွဲထားသော စကစကင်းစခန်းတစ်ခုအား KNU တပ်မဟာ (၁) တပ်ရင်း (၃) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်စဥ်၊ ဓာတ်ပုံ - KRIN)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၃ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် အထက် အင်္ဂဘိုကျေးရွာရှိ စစ်ကောင်စီ ကင်းပုန်းဝပ် တပ်စွဲထားသည့် စခန်းတစ်ခုအား KNU တပ်မဟာ(၁)၊ တပ်ရင်း(၃) နှင့် ပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Kyaikhto Revolution and Information Network(KRIN)က ထုတ်ပြန်ထားသည်။

“ကင်းပုန်းဝပ်တဲ့နေရာမှာ သူတို့က ပစ္စည်းတွေလာဝှက်ထားတဲ့အတွက် ကျွန်တော်တို့ အဖွဲ့ကနေ သွားရှင်းပြီးတော့ ပစ္စည်းသွားသိမ်းပြီး မီးရှို့လိုက်တာ။ ကျည်ဆံတွေရတယ် ပြီးရင် ယူနီဖောင်းတွေ ရတယ်”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

KNU သထုံခရိုင် အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် သထုံ၊ ဘီးလင်းမြို့နယ် များရှိ စစ်ကောင်စီတပ်စခန်းနှင့် ကင်းစခန်းများကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။