Connect with us

Hi, what are you looking for?

News

အညံ့မခံ ပြန်လည်ခုခံတိုက်ခိုက် မြစ်ငယ် PDF တပ်ဖွဲ့ဝင်ငါးဦးမြင့်မြတ်စွာကျဆုံးဟု ROM ထုတ်ပြန်

မြစ်ငယ် PDF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော်များမှာ ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ရဲဘော်ဖက်တီး၊ ရဲဘော်မအိတို့ဖြစ်ပြီး မဟာ မိတ်ရဲဘော်များ မြင့်မြတ်စွာကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခြင်းကို အညံမခံပြန်လည်ခုခံတိုက်ခိုက်ရင်း မြစ်ငယ် PDF တပ်ဖွဲ့ဝင်ငါးဦး
မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း မဟာ မိတ်တပ်ဖွဲ့ဖြစ်သည့် Rangers Of Mandalay(ROM)က ယနေ့(မေ ၄)ထုတ်ပြန်
သည်။

ယမန်နေ့(မေ ၃)က ဒဏ်ရာရလူငယ်အား ခေတ္တဝင်နားစေသည့်နေရာကို ဒလန်၏သတင်းပေးမှုကြောင့် သိရှိသွားပြီး စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးစဥ် အညံမခံဘဲ ပြန်လည်ခုခံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

မြစ်ငယ် PDF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော်များမှာ ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ရဲဘော်ဖက်တီး၊ ရဲဘော်မအိတို့ဖြစ်ပြီး မဟာ မိတ်ရဲဘော်များ မြင့်မြတ်စွာကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဥ်မှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာရပ်ကွက်၊ ၅၈ လမ်း၊ ၁၀၈ လမ်းနှင့် ၁၀၉ လမ်းကြား Green House Inn တွင် ယမန်နေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရလူနာပါသဖြင့် အဆိုပါ Inn တွင်​ခေတ္တနားစဥ် စစ်​ကောင်စီတပ်က သတင်းရပြီး ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးရာ အညံ့မခံဘဲ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းလည်း​ဒေသခံအချို့ထံမှသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။