စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခြင်းကို အညံမခံပြန်လည်ခုခံတိုက်ခိုက်ရင်း မြစ်ငယ် PDF တပ်ဖွဲ့ဝင်ငါးဦး
မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း မဟာ မိတ်တပ်ဖွဲ့ဖြစ်သည့် Rangers Of Mandalay(ROM)က ယနေ့(မေ ၄)ထုတ်ပြန်
သည်။
ယမန်နေ့(မေ ၃)က ဒဏ်ရာရလူငယ်အား ခေတ္တဝင်နားစေသည့်နေရာကို ဒလန်၏သတင်းပေးမှုကြောင့် သိရှိသွားပြီး စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးစဥ် အညံမခံဘဲ ပြန်လည်ခုခံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော် ပြသည်။
မြစ်ငယ် PDF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော်များမှာ ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ရဲဘော်ဖက်တီး၊ ရဲဘော်မအိတို့ဖြစ်ပြီး မဟာ မိတ်ရဲဘော်များ မြင့်မြတ်စွာကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဥ်မှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာရပ်ကွက်၊ ၅၈ လမ်း၊ ၁၀၈ လမ်းနှင့် ၁၀၉ လမ်းကြား Green House Inn တွင် ယမန်နေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရလူနာပါသဖြင့် အဆိုပါ Inn တွင်ခေတ္တနားစဥ် စစ်ကောင်စီတပ်က သတင်းရပြီး ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးရာ အညံ့မခံဘဲ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းဒေသခံအချို့ထံမှသိရသည်။

Public Service Announcement


















































