Connect with us

Hi, what are you looking for?

News

ဒေါငံခါးရွာတိုက်ပွဲတွင်း​ပျောက်ဆုံးခဲ့သော ရဲဘော်ဇော်ဝင်းထွဋ် ​လေးရက်​မြောက်​​နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်တွေ့

တိုက်ပွဲဖြစ်ပွားပြီး လူစုကွဲသွားမှု​ကြောင့် တပ်ရင်း (A)တွင် တာဝန်ထမ်း​ဆောင်ခဲ့သော ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်ကို ယနေ့(မေ ၄ ရက်)ညနေ ၅ နာရီခန့်တွင် ပြင်းထန်​သောဒဏ်ရာဖြင့် ပြန်လည်​တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

​ဒေါငံခါးရွာတိုက်ပွဲအတွင်း​ ပျောက်ဆုံးခဲ့သော ရဲဘော် ​ဇော်ဝင်းထွဋ်အား ​လေးရက်​မြောက်​​နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်လည်​တွေ့ရှိကြောင်း DMO-Local PDF က ထုတ်ပြန်သည်။

ဧပြီ ၃၀ ရက်က ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ​ဒေါငံခါး​ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို Local PDF တပ်ဖွဲ့ ဗျူဟာ (၃)မှ A ၊B၊ F၊ J တပ်ရင်းတပ်ခွဲ အချို့၊အလယ်ပိုင်းတိုင်း (၁၁၀၂) ပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲ၌ ရဲဘော်ဇော်ဝင်းထွဋ်မှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ​​​ပျောက်ဆုံးခဲ့​သော ရဲ​ဘော်​​ ​မောင်​ဇော်ဝင်းထွဋ်ကို DMO-Local PDF ဗျုဟာ(၃) ရှိ A၊B၊F၊J တပ်ရင်းတပ်ခွဲအချို့မှ ​လေးရက်တိတိလိုက်လံရှာ​ဖွေခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီး လူစုကွဲသွားမှု​ကြောင့် တပ်ရင်း (A)တွင် တာဝန်ထမ်း​ဆောင်ခဲ့သော ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်ကို ယနေ့(မေ ၄ ရက်)ညနေ ၅ နာရီခန့်တွင် ပြင်းထန်​သောဒဏ်ရာဖြင့် ပြန်လည်​တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်သည် ​လေးရက်တိတိ အစာမစားရဘဲရှိ​နေခဲ့ပြီး ၎င်း၏ သတ္တိ၊ ဇွဲ၊ လုံလ၊ ဝိရိယသည် တပ်ဖွဲ့အ​နေဖြင့် ​ဝမ်း​မြောက်စွာ ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိတွင်ရဲ​ဘော်​​မောင်​ဇော်ဝင်းထွဋ်ကို ဘေးကင်းရာသို့ပို့ဆောင်၍ ဆေးကုသ​ပေး​နေပြီဟုလည်းပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။